Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ကဗျာ

◼️‌ယောနသံ ထောင်အုတ်ရိုးပေါ် ကိုဖြတ်တိုက်လာတဲ့ လေထဲမှာမီးကျွမ်းနေတဲ့ ကျောင်းသုံးစာအုပ်လေးရဲ့ပြာနံ့ရတယ်။ ရမ်းငွေ့တွေကို ကွေ့ရှောင်ပျံသန်းပြီးမှပင်ပင်ပန်းပန်းနဲ့ ရောက်လာခဲ့တဲ့သတိရစိတ်ကလေးအဲ့ဒီ သတိရစိတ်ကလေးကိုဖွင့်ဖောက်ပြီး ဖတ်ကြည့်လိုက်တော့“မောင်ရေ… အခုထောင်ဝင်စာကရေခဲသေတ္တာလေးကို ရောင်းပြီးမှပို့ ပေးလိုက်ရတာပါ” တဲ့။ ဘဝတချို့ကအကျဉ်းထောင်ထဲမှာ မိုးချုပ်ကြဘဝတချို့ကဒုက္ခသည်စခန်းတွေမှာ မိုးချုပ်ကြဘဝတချို့ကပြန်စရာ အိမ်မကျန်တော့တဲ့တောထဲ တောင်ထဲမှာ မိုးချုပ်ကြအိမ်လွမ်းစိတ်ကလေး‌တွေဟာအိမ်ပြန်ရမယ့် ရက်ကိုလက်ချိုးရေတွက်နေကြ။ တခါတလေသူရဲကောင်းတစ်‌ယောက်လို့သန်မာ ဝံ့ကြွားကြ။တခါတလေသူရဲဘောကြောင်တဲ့ကောင်လိုအူလှိုက်သဲလှိုက် ငိုကြွေးမိကြ။မနက်ဖြန်တွေအတွက်...

Short Story

စစ်ပွဲက ပြန်လာပြီးတဲ့နောက် ဖိုးစီ လူမဖြစ်ချင်တော့ဘူး။ လူဖြစ်ရတာ မပျော်တော့ဘူး။ လူဖြစ်ရတာ မကောင်းဘူး၊ လူဖြစ်ရတာ အကျိုးမရှိဘူး၊ လူတွေနဲ့ ဆက်ဆံရတာ အလကားပဲလို့ တွေးလာတယ်။

Short Story

ကတ္ထူစက္ကူ အလွတ်တချပ်ပေါ်မှာ မင်အနက်နဲ့ ခပ်သော့သော့ အဲဒီလိုရေးပြီး ချာလီဟာ အခန်းဝမှာ ထွက်ကပ်ခဲ့တယ်။ နောက်တော့ ချာလီဟာ စစ်ကြီးအတွင်းမှာ အကြီးအကျယ် အိပ်မောကျသွားတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို မျက်ဝါးထင်ထင် တွေ့လိုက်ရသူလို သွေးပျက်ပြီး လဲကျသွားတယ်။ စစ်မီးဟာ ဆက်လောင်နေဆဲပါပဲ။

ကဗျာ

"ငလျင်ဘေးကြုံရတော့ ပထမဆုံး ဖုန်းခေါ်လာသူကို မမေ့ပါနဲ့" တဲ့။ဒီစာစုလေးကိုတွေ့တော့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ နေ့လယ်ခင်းတခုက အတွေးထဲ ပြန်ပေါ်လာတယ်။ အခြေအနေက တသက်တာ မေ့လို့မရမယ့် ဖြစ်ရပ်တခုလို့ ပြောရမယ်။

ကဗျာ

ဂနိုက် အိမ်ပြန်ချင်တယ် ဆယ်လ်မွန်ငါးတကောင်လိုဖြစ်ဖြစ် မြောက်အိုင်ယာလန်က အမွှေးပွပွခွေးကလေးလိုဖြစ်ဖြစ် ကြိုသူမရှိတဲ့အိမ်နဲ့ကြိုသူမရှိတဲ့မြို့ကလေးကို စွန်ရဲတကောင်လို လှစ်ခနဲ ပြန်ချင်တယ် “အရာအားလုံးအဆင်ပြေတယ်၊နေကောင်းတယ်” လို့ နေ့နေ့ညည ညာပြောနေရတဲ့နေ့တွေအလွန်မှာ တကယ်ပဲအိမ်ကိုပြန်ဖြစ်လိမ့်မယ် ပြာဖုံးမီးခဲကလေးတွေရှိဖူးတဲ့မြို့ကလေးရဲ့အိမ်က ပုတီးစိပ်သံတဂျောက်ဂျောက်(နဲ့) ကရုဏာဒေါသောသံတကျီကျီ နားထောင်ဖို့ ဝေါခနဲ စီးကျလာတဲ့ ရေအလျင်လို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောက်အောင်ပြန်ချင်တယ် အိမ်နဲ့ဝေးခဲ့သမျှရက်တွေ...

Short Story

အိတ်တလုံးကို အချိန်အတော်ကြာတဲ့အထိ မျက်လုံးထဲမှာ ပြန်ပြန်ပေါ်လာတယ်။ အခုအချိန်ထိလည်း တခါတခါ ပြန်ပေါ်လာတုန်းပဲ။ သတိမရအောင် ဖျောက်ထားကြည့်တော့လည်း မရပါဘူး၊ ပြန်ပေါ်လာတာပဲ။ ဘာလို့ ဒီလောက်တောင် စွဲလန်းရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြည့်တယ်။ကျနော်နဲ့ အချိန်အတော်ကြာကြာ အတူရှိခဲ့ကြဖူးလို့ပဲ နေမှာပါဆိုပြီး ကိုယ့်မေးခွန်းရဲ့အဖြေကို ပြန်ရလိုက်တယ်။

ကဗျာ

SWNတခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ (၇၂) နာရီစောင့်တယ်။သံပုံးတွေကို မျက်ရည်နဲ့တီးတယ်။လက်သုံးချောင်းကို ရဲရဲဝံ့ဝံ့ထောင်ကြတယ်။တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်မှာ We Want Democracy လို့ ရေးတယ်။Fuck the Coup လို့ရေးတယ်။တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်တက်လာတယ်။လှည်းတန်းလမ်းဆုံမှာ လူစုတယ်။ဘာလိုချင်လဲ ဒီမိုကရေစီလို့ အော်ကြတယ်။နောက်...

ကဗျာ

အချိန်တွေဆုတ်ယုတ်သွားတဲ့အကျိုးအပဲ့နှစ်တွေ ထမင်းပေါင်းအိုးကိုဖွင့်တော့ ဖန်ခွက်ရှည်မျောမျောပဲတွေ့ မှိုတက်နေတဲ့ ဦးဏှောက်ကိုအလုပ်ပေးတော့မှ ငါ့ခြေမကလေး ခလုတ်တိုက်ရင်တော့ အမေရေလို့ မယောင်တတ်တော့ပြီ။

Short Story

အာဏာသိမ်းကာလမစခင် ကိုဗစ်ကာလထဲက ကျနော်တို့သူငယ်ချင်းတွေ ကွဲကွဲပြားပြား ဖြစ်ကုန်ကြတယ်။ ခု‌တော့ တချို့ကလည်း အလုပ်ခွင်ထဲမှာ မိန်းမတွေ ဘာတွေရ၊ တချို့ကလည်း မိသားစုကို ပြန်ထောက်ပ္ပံကြရ၊ တချို့ကတော့ ဘယ်တော့ပြန်လာရမယ် မသိတဲ့လမ်းကို လျှောက်ကုန်ကြရဲ့။

Facebook