Hi, what are you looking for?
မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။
■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...
မေရီသော် ၊ ရွက်စိမ်း မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။ ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။ ငှက်တွေဟာ...
ချမ်းငြိမ်း သူ့မှာ ပုရစ်တကောင်လိုညအမှောင်ထဲ ရင်ကွဲအောင်ငိုနေသူ ရှိတယ်။ သူ့မှာ တောင်ပံတွေ တဖျပ်ဖျပ်စိတ်ဝိညာဉ် တလှပ်လှပ်နဲ့အိမ်အပြန်ခက်နေတဲ့ငှက်တေလေတကောင် ရှိတယ်။ သူ့မှာ ဖူးငုံတို့ ကြွေလွင့်စပယ်ဖြူလေး မုန်တိုင်းသင့်တဲ့ပန်းမပွင့်တဲ့ မုတ်သုံမိုး ရှိတယ်။ သူ့မှာ ရေသင့် မီးသင့်လေတိုးတိုင်း ပွင့်အက်သွားတဲ့ ဒဏ်ရာနဲ့အနာတရ နိုင်ငံတခုရှိတယ်။ သူ့မှာ …ဘီလူးသမိုင်းကိုအပိုင်းပိုင်းတစ်ခဲ့ဖူးတဲ့သက္ကရာဇ်...
◼️သွင်ဦး တဝေါဝေါ ဖြတ်မောင်းသွားတဲ့ကားသံတွေရဲ့ နေရာမှာလော်စပီကာက ထွက်ကျလာတဲ့ ဘုရားရှိခိုးသံတန်းစီခရာမှုတ်သံမဂ်လာပါဆိုတဲ့ အသံတွေနဲ့နံနက်ခင်းဟာ နိုးထခဲ့၊ အရောင်ဆိုးထားတဲ့ ထမင်းလှော်အရည်များများ အဖက်နဲနဲခပ်ကျဲကျဲဆန်ပြုတ်ဟာငါတို့ရဲ့ နံမည်ကျော် မနက်စာတွေပေါ့၊ ညိုညစ်ညစ်ထမင်းတွေနဲ့ နယ်ဖတ်လို့ငါတို့ထမင်းပွဲမှာ တည်ခင်းဖို့ပဲဟင်းတလှည့် တာလပေါတလှည့်ခင်ဗျားမျက်နှာ မမဲ့နဲ့လေ၊ ကြံဖန်ပြီး ကျေးဇူးတင်ချင်ရင်တော့ကျုပ်တို့ရဲ့ညစာမှာရေထဲကငါးကိုတစ်ပါတ်တစ်ကြိမ် မြင်ခွင့်ရနေတာကိုပေါ့၊ ဒီနေရာမှာတော့‘ကိုယ်’ ကျန်းမာရေးအတွက် လမ်းလျှောက်‘စိတ်’...