Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
မတ်-၂၈၊၂၀၂၅။People’s Spring အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ် ကျောင်းဆောင်များပြိုကျပျက်စီးခဲ့ရကြောင်း အဆိုပါတိုက်ရှိ ဆရာတော်များက အသိပေးထားသည်။ ယနေ့(မတ်၂၈ရက်) နေ့လယ်ပိုင်းက အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းဆောင်များ၊ ဗလီ၊ ဟိုတယ်များနှင့် လူနေအိမ် အများအပြားပြိုကျပျက်စီးခဲ့ပြီး လူများလည်း ထိခိုက်သေဆုံးမှု ရှိခဲ့သည်။ ဓာတ်ပုံ – Moe...
ငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတိုင်းတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်ဆီးမှုများရှိနေပြီး နောက်ဆက်တွဲငလျင်များလှုပ်နိုင်၍ ကြံ့ခိုင်မှုမကောင်းသည့်အဆောက်အအုံများ၊ စိုးရိမ်စရာရှိသော ဆည်တမံများအနီး၌ မနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိပေးလိုက်သည်။