Connect with us

Hi, what are you looking for?

သတင်း

မြေငလျင်ကြီး​ကြောင့် လူ​သေဆုံး၊ပျက်စီးမှုများ​ကြောင်း NUG ထုတ်ပြန်

ငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတိုင်းတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်ဆီးမှုများရှိနေပြီး နောက်ဆက်တွဲငလျင်များလှုပ်နိုင်၍ ကြံ့ခိုင်မှုမကောင်းသည့်အဆောက်အအုံများ၊ စိုးရိမ်စရာရှိသော ဆည်တမံများအနီး၌ မနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိ‌‌ပေးလိုက်သည်။

အင်အားပြင်းငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်နိုင်ရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - CJ

■​နောက်ဆက်တွဲ ငလျင်အန္တရာယ်​ကြောင့် ကြံ့ခိုင်မှုမ​ကောင်းသည့် အဆောက်အအုံများ ၊ အက်ကွဲ​နေ​သောဆည်တမံ​များအနီး ​မ​နေထိုင်ရန် NUG သတိ​ပေး

■စစ်​ကောင်စီ၏ မိုးဇလက ​မြေငလျင်သတင်း မထုတ်ပြန်​သေး

မတ်-၂၈၊၂၀၂၅။ရွှေပြည်စိုး/People’s Spring

​​ငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတိုင်းတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်ဆီးမှုများရှိနေပြီး နောက်ဆက်တွဲငလျင်များလှုပ်နိုင်၍ ကြံ့ခိုင်မှုမကောင်းသည့်အဆောက်အအုံများ၊ စိုးရိမ်စရာရှိသော ဆည်တမံများအနီး၌ မနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိ‌‌ပေးလိုက်သည်။

Public Service Announcement

Public Service Announcement

“အလွန်အားပြင်းသည့် ငလျင်၏ နောက်ဆက်တွဲ ငလျင်ငယ်တွေလှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အအုံတွေထဲမှာ ဆက်မနေကြဖို့၊ ငလျင်ကြောင့် ဆည်တာတမံတွေ အက်ကွဲမှုရှိမရှိ စစ်ဆေးပြီး လိိုအပ်ရင် ကြိုတင်ရွှေ့ပြောင်းကြဖို့နဲ့ အချို့ဒေသတွေမှာ ငလျင်ကြောင့် သဲအရည်ပျော်ခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနေထိုင်ကြပါရန်ထပ်မံအသိပေးအပ်ပါတယ်” ဟု MOHADMကသတိ‌‌ပေးထားသည်။

​မြေငလျင်ကြီးသည် မန္တလေးမြို့တဖက်ကမ်း စစ်ကိုင်းမြို့အနီးရှိ ​ရေမျက်အင်းကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၇ုဒဿမ ၇အဆင့်ဖြင့်ယနေ့ နံနက် ၁၂နာရီ ၅၀မိနစ် ဝန်းကျင်၌ ပထမအကြိမ်လှုပ်ခဲ့သည်။ ၁၂ မိနစ်ခန့်အကြာတွင် ( မွန်းလွဲ၁နာရီ ၂မိနစ်) ၊တံတားဦးမြို့နယ် ၊ မန္တ​လေး​လေဆိပ်အနီးဗဟိုပြု ၍ ပြင်းအား ရစ်ချ်တာစကေး ၆ ဒဿမ ၄ အဆင့်ရှိ အင်အားပြင်းငလျင်ထပ်မံလှုပ်ခတ်ခဲ့သည်။

မန္တလေးမြို့သည် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်နေပြီး အထပ်မြင့်အဆောက်အအုံပြိုကျပျက်စီးမှုမှုများရှိနေသည်။ လူသေဆုံးမှုအရေအတွက်များပြားကြောင်းကနဦးသိထားရပြီး အသေးစိတ်မသိရသေးပေ။

“ကျမရှေ့တင် တိုက်ပြိုကျပြီသေတာမနည်းဘူး။ ပထမတကြိမ်လှုပ်တော့ ဒဏ်ရာရသူတွေကို ဆွဲထုတ်နေချိန်မှာ ထပ်ပြိုတာ” ဟု ချမ်းအေးသာဇံမြို့ခံတစ်ဦးကပြောသည်။

မန္တလေးမြို့ ငလျင်ဘေးကို လူမှုရေးအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေးများလုပ်ဆောင်နေသော်လည်း လုံလောက်မှုမရှိကြောင်း မြို့ခံများကပြောသည်။

စစ်​ကောင်စီထိန်းချုပ်ထားတဲ့ မိုး​လေဝသနဲ့ ဇလ​​ဗေဒ ညွန်ကြားမှုဦးစီးဌာနက ငလျင်လှုပ်ပြီး ၂ နာရီ​ကျော်သည့်တိုင် မတ် ၂၈ မွန်းလွဲ ၃ နာရီ​ကျော်အထိ့ သတင်းထုတ်ပြန်ခြင်းမရှိ​သေး​ပေ ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။