Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် ရန်ကုန်မှာ မီးထပ်ပြတ်မည်

အင်အားပြင်းငလျင်ကြောင့် ရန်ကုန်မြို့တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ၄နာရီခန့် မီးပြတ်‌နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားသည်။

ငလျင်လှုပ်ပြီးနောက် နေပြည်တော်ရှိ အိုးရှင်းစင်တာ အပျက်အစီးများ။ဓာတ်ပုံ - CJ

မတ်၂၈၊၂၀၂၅။ရောင်နီ/People’s Spring

အင်အားပြင်းငလျင်ကြောင့် ရန်ကုန်မြို့တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ၄နာရီခန့် မီးပြတ်‌နိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထားသည်။

မတ်လ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၀မိနစ်ခန့်တွင် မြေငလျင်လှူပ်ခတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

“လှိုင်မြို့နယ်အတွင်း(၁မှ၁၆)ရပ်ကွက်များအားလုံးရှိနေရာများဓါတ်အားပြတ်တောက််နေပါကြောင်းအသိပေးကြေညာအပ်ပါသည်။ ခန့်မှန်း ၄ နာရီခန့်ကြာမြင့်နိုင်ပါသည်။”ဟု လှိုင်မြို့နယ်လျှပ်စစ်ရုံးက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် ခရိုင်လေးခုအနက် အနောက်ပိုင်းခရိုင်တွင် လေးနာရီမီးပေး လေးနာရီမီးပျက်စနစ်ဖြင့် မီးပေးနေပြီး ကျန် ခရိုင်သုံးခုကို လေးနာရီ မီးပေး ၊ ရှစ်နာရီ မီးပြတ်စနစ်ဖြင့် အလှည့်ကျမီးပေးနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။