Connect with us

Hi, what are you looking for?

သတင်း

အင်အားပြင်း ငလျင်ကြောင့် မန္တလေးမြို့မှာ ပျက်စီးမှုများပြား

ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိတဲ့ အင်အားကြီး မြေငလျင် ဒီနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်း။ ၁၂ နာရီ ၅၀ ဝန်းကျင်က မြန်မာနိုင်ငံအလယ်ပိုင်း ၊မန္တလေးမြို့ အနီးကို ဗဟိုပြုပြီး လှုပ်ခတ် သွားတာကြောင့် အဆောက်အဦးတွေ ပြိုကျပျက်စီးသွားပါတယ်။

ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိတဲ့ အင်အားကြီး မြေငလျင် ဒီနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်း။ ၁၂ နာရီ ၅၀ ဝန်းကျင်က မြန်မာနိုင်ငံအလယ်ပိုင်း ၊မန္တလေးမြို့ အနီးကို ဗဟိုပြုပြီး လှုပ်ခတ် သွားတာကြောင့် အဆောက်အဦးတွေ ပြိုကျပျက်စီးသွားပါတယ်။

အမေရိကန် ဘူဗိလေ့လာရေးဌာန (USGS)ရဲ့တိုင်းတာချက်အရ ဒီနေ့မွန်းလွဲပိုင်းက မန္တလးမြို့အနီး ကို ဗဟိုပြုပြီး အင်အားကြီး ငလျင် နှစ်ခု ၁၂ မိနစ်ခန့်ခြားပြီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်သွားတာပါ။

ကနဦး ငလျင်က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ ရှိတဲ့ ငလျင်ကြီးက မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆ မိုင်ခန့် က လှုပ်ခတ်သွားတာပါ။

Public Service Announcement

Public Service Announcement

နောက်ဆက်တွဲ ငလျင်က ၁၂ မိနစ်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်အား ရှိတဲ့ ငလျင် ကြီး ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီမြေငလျင်နှစ်ခုလုံးဟာ မန္တလေးမြို့အနီးကို ဗဟိုပြုပေ့မယ့် ငလျင်ဒဏ်ကို မြန်မာနိုင်ငံတဝှမ်းတင်သာမက အိမ်နီးချင်းထိုင်းနိုင်ငံက ချင်းမိုင် ၊ ဘန်ကောက်မြို့တွေမှာသက်ရောက်ခဲ့တာတွေ့ရပါတယ်။

ဒီနေ့ နေ့ခင်းပိုင်း ၂ နာရီခွဲအချိန်ထိ ရရှိထားတဲ့ People’s Spring သတင်းအချက်အရ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ ဧရာဝတီမြစ်ကူး စစ်ကိုင်းတံတားအဟောင်း ၊ မန္တလေး တက္ကသိုလ် ၊ မန္တလေး နန်းမြို့ရိုး ၊ ဂရိတ်ဝေါဟိုတယ် အပါအဝင် မန္တလေးမြို့အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့က အောင်ပန်းဟိုတယ်လည်းပြိုကျပျက်စီးသွားခဲ့ပါတယ်။ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးလည်း လမ်းပိုင်းအချို့ ပျက်စီးထိခိုက်သွားပါတယ်။

ငလျင်ဒဏ်ကိုစစ်ကိုင်း ၊ နေပြည်တော်၊ ပဲခူး ၊ရှမ်းပြည်န​ယ် တို့လည်း ခံစားရပြီး ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ကနဦးသိထားရပါတယ်။

ငလျင်ကြောင့် မန္တလေး ၊တံတားဦးမြို့နယ်ရှိအဆောက်အဦးအများစု ပြိုကျပျက်စီးခဲ့ပြီး အင်းဝမြို့ က ဘုရားစေတီတွေ ပျက်စီးခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

အင်းဝမြို့ထဲမှာ အဆောက်အဦးပြိုပြီး လူ ၂၀ ခန့် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးကလည်း အသိပေးပါတယ်။ အဲဒီ လူသေဆုံးမှု ကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ မန္တလေးမြို့ မှာလည်း ငလျင်ကြောင့် လူသေဆုံးမှုတွေရှိနေတာကို စတင်ကြားသိရပြီလို့ ဒေသခံက People’s Spring ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) က ငလျင်သတင်းထုတ်ပြန်ရာမှာ ငလျင်က စစ်ကိုင်းမြို့ အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ဖော်ပြထားပြီး စစ်ကိုင်း ၊မန္တလေး ၊ နေပြည်တော် ၊ တောင်ကြီး ၊ ပဲခူးတို့မှာ လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်အားပြင်းငလျင်ရဲ့ နောက် ဆက်တွဲ အနေနဲ့ ငလျင်ငယ်တွေ လှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အဦးတွေ ထဲမှာ ဆက်မနေကြဖို့ ၊ငလျင်ကြောင့် ဆည်တာတမံတွေ​ အက်ကွဲမှု ရှိ မရှိ ကိုစစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွေ့ပြောင်းကြဖို့ NUG က သတိပေးထားပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မိုးဇလဌာနမှာတော့ ငလျင်လှုပ်ခတ်ပြီး ၂ နာရီကြာမြင့်ချိန်ထိ ငလျင်သတင်းနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့်လူရာဂဏန်းသေဆုံးခဲ့ရတဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုပြိုကျမှု ဖြစ်စဉ်မှာ ငလျင်အပြီးလေးလခွဲကျော်လာတဲ့တိုင်ရုပ်အလောင်းအချို့ကို ရှာတွေ့နေဆဲပါ။

သတင်း

မန္တလေးမြို့မှာ ငလျင်ကြီး လှုပ်ခတ်ပြီး ၄ လ ပြည့်ကာနီးအထိ ရုပ်အလောင်းရှာဖွေရေး လုပ်နေရဆဲဖြစ်ပြီး ဒီကနေ့ Sky Villaမှာ ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့ပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနှစ်လခွဲကျော်ကြာတဲ့အထိရပ်ကွက်တချို့မှာရေမီတာများပြတ်တောက်နေဆဲဖြစ်ကြောင်းမြို့ခံ​တွေကပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့တ​​​နေရာက ဘုန်းကြီးကျောင်းဝင်းတဝင်းထဲမှာရှိတဲ့ ယာယီတဲအိမ်လေးထဲကနေ အသက် လေးဆယ်အရွယ် မဖြူ(အမည်လွှဲ)တယောက် ခပ်လှမ်းလှမ်းက ပြိုလုလု အဆောက်အအုံတခုကို လှမ်းငေးပြီး ကြည့်နေတယ်။ အဲဒီအဆောက်အအုံကတော့ မဖြူတို့နေခဲ့တဲ့ သုံးထပ် တိုက်လေးဖြစ်ပြီး ပြီးခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ နောက်ကျွံကျကာ ပျက်စီးသွားခဲ့တာပါ။