Connect with us

Hi, what are you looking for?

သတင်း

ဟိုတယ်အောင်ပန်းပြိုကျမှု အမျိုးသမီးနှစ်ဦး ရုပ်အလောင်းတွေ့

ရှမ်းပြည်တောင်ပိုင်း၊အောင်ပန်းမြို့တွင် ဟိုတယ်အောင်ပန်း ပြိုကျမှုအတွင်း ပိတ်မိနေသူများအနက်မှ အမျိုးသမီးနှစ်ဦး ရုပ်အလောင်း တွေ့ရှိထားဟု နာရေးကူညီမှုအသင်းအောင်ပန်းက ယနေ့(မတ်လ ၂၈ ရက်) ညနေ ၅နာရီခန့်တွင် အသိပေးသည်။

အင်အားပြင်းငလျင်ကြောင့် ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်နိုင်ရေးလုပ်ဆောင်နေစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်း၊အောင်ပန်းမြို့တွင် ဟိုတယ်အောင်ပန်း ပြိုကျမှုအတွင်း ပိတ်မိနေသူများအနက်မှ အမျိုးသမီးနှစ်ဦး ရုပ်အလောင်း တွေ့ရှိထားဟု နာရေးကူညီမှုအသင်းအောင်ပန်းက ယနေ့(မတ်လ ၂၈ ရက်) ညနေ ၅နာရီခန့်တွင် အသိပေးသည်။

ယနေ့ နေ့လည်ပိုင်းတွင် အင်အားပြင်း ငလျင်ဒဏ်ကြောင့် အောင်ပန်းမြို့၌ ဟိုတယ်အောင်ပန်း အဆောက်အဦး ပြိုကျပျက်စီးခဲ့သည်။

“သေဆုံးသူ အမျိုးသမီး နှစ်ဦးရှိလာ။ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့များ ဆက်လက်ကယ်ဆယ်ရှာဖွေနေ”ဟု နာရေးကူညီမှုအသင်းအောင်ပန်းတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အောင်ပန်းမြို့တွင် နေအိမ်များ၏ အုတ်တံတိုင်းပြိုကျမှုကြောင့် ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။

အောင်ပန်းမြို့၏ လမ်းမကြီးဘေးရှိ ခြောက်ထပ်အမြင့်ရှိသော ဟိုတယ်အောင်ပန်းသည် အလုံးစုံ ပြိုကျခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများနှင့် တည်းခိုသူ ၂၀ထက်မနည်း ပိတ်မိနေကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ ကနဦးယူဆထားရသည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် တောင်ငူမြို့ရှိ ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုတွင် ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ဦး သေဆုံးခဲ့ရကြောင်း အဆိုပါမြို့ရှိ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

ငလျင်သည် စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီးလှုပ်ခတ်သွားပြီး စစ်ကိုင်း ၊မန္တလေး ၊နေပြည်တော် ၊ တောင်ကြီးနှင့် ပဲခူးတို့တွင် လူသေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။