Hi, what are you looking for?
အာဏာသိမ်းစစ်တပ်က ဆင့်ပွားပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ KPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ် ၊၊ ။ (The...
ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီကနေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။
တာရာ/People’s Spring စစ်ကောင်စီ၏ ပြည်ပဆန်တင်ပို့မှု လေးလဆက်ကျဆင်းလာပြီး ဇန်နဝါရီလအတွင်းပြည်ပသို့ ဆန်တန်ချိန် ၂ သိန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှသိရသည်။ ထိုပမာဏာသည် ၂၀၂၄ခုနှစ် စက်တင်ဘာလမှစတင်ပြီး ခြောက်အတွင်း အနိမ့်ဆုံးတင်ပို့မှုဖြစ်ကြောင်း ပြည်ပဆန်တင်ပို့သည့် ကုန်သည်အချို့ကပြောသည်။ စစ်ကောင်စီသည် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် ပြည်ပသို့ ဆန်တန် ၄၂၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီးနောက်ပိုင်းလစဥ်...
People’s Spring မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ်အတွင်းဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA ) ထိန်းချုပ်ရာ နယ်မြေ ကျောက်ခက်ကျေးရွာက ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေဆီမှာ လူကုန်ကူးခံရသူ နိုင်ငံခြားသား ၂၆၁ ဦးကို ဒီကနေ့(ဖေဖော်ဝါရီ ၁၂ရက်နေ့) ညနေပိုင်းမှာထိုင်း ဘက်ဆီ DKBA က လွှဲပြောင်းပေးလိုက်ပါတယ်။...
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး" (Bottom-up Federalism Approach) အခြေခံချည်းကပ်မှုဖြင့်သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေးကြိုးပမ်းသွားမည်ဖြစ်ရာ အဆိုပါဆုံးဖြတ်ချက်၌ အခြားတော်လှန်ရေး အင်အားစုများပါဝင်ရေး ညှိနှိုင်းနေကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။