Connect with us

Hi, what are you looking for?

သတင်း

မြေငလျင်ကြီး​ကြောင့်မန္တ​လေးမှာ​သေဆုံး၊ဒဏ်ရာရသူများပြီး ​ဆေးရုံ၌ဒဏ်ရာရလူနာတွေ့ပြည့်လျှံ

​မြေငလျင်ကြီးလှုပ်ခတ်တာ​ကြောင့်မန္တလေးမြို့မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူဦး ရေဆက်လက်မြင့်တက် နေပြီး ဆေးရုံအပြင်ဘက်အထိ ဒဏ်ရာရလူနာ တွေပြည့်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

မန္တ​လေး ​ဆေးရုံး အပြင်ဘက်မှာ​စောင့်ဆိုင်း​နေတဲ့လူနာ​တွေ။ ဓါတ်ပုံ-CJ

မတ်-၂၈၊၂၀၂၅။ရှိန်း/People’s Spring

​မြေငလျင်ကြီးလှုပ်ခတ်တာ​ကြောင့်မန္တလေးမြို့မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူဦး ရေဆက်လက်မြင့်တက် နေပြီး ဆေးရုံအပြင်ဘက်အထိ ဒဏ်ရာရလူနာ တွေပြည့်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒီနေ့ (မတ် ၂၈) မွန်းလွဲပိုင်း မှု လှုပ်ခတ်ခဲ့တဲ့ အင်အားကြီးငလျင်ဒဏ်ကြောင့် မန္တ​လေးမြို့အနှံ့ နေအိမ်​တွေ ၊ဟိုတယ်တွေ၊ ကွန်ဒို​တွေ ၊ မဟာမုနိဘုရားကြီး အပါအဝင်ဘာသာ​ရေးအ​ဆောက်အအုံ​တွေ၊ နန်းမြို့ရိုးစတဲ့ အ​ဆောက်အအုံများစွာပြိုကျပျက်စီးခဲ့ပါတယ် ။ တချို့နေအိမ်တွေဟာ အထပ်လိုက် မြေအောက်ကို မြှုပ်သွားတာတွေရှိတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဒါအပြင် မီးလောင်မှုတွေလည်း များပြားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်းမြင့်တက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကုတင် ၃၀၀ အပြင်ဘက်အထိလူနာတင်ကား တွေ ရော၊လူနာတွေရော အပြည့်ပဲ။တခြား ဆေးရုံတွေလည်း လူနာပြည့်လို့ဆက်လက်မခံတာ တွေရှိတယ် “လို့ မန္တလးမြို့ခံတဦးက ပြောပါတယ်။

မန္တလေးမြို့က ဟိုတယ် ၁၀လုံးနီးပါးအထိပြိုကျခဲ့ပြီး ၆၂လမ်း ပေါ်ကသုံးထပ်တိုက်တလုံးလည်း အောက်ဆုံး တထပ်လုံး မြေကြီးထဲ မြှုပ်ဝင်သွားပါတယ်။

https://www.facebook.com/LuduNwayOo/videos/9889167434426885

အခုချိန်အထိ ​နောက်ဆက်တွဲ​မြေငလျင်​တွေနဲ့မြေငလျင် ​ကောလဟလ​​တွေကြောင့် ပြည်သူ​တွေဟာ စိုးရိမ်းပြီးလမ်းပေါ်မှာလူတွေ ထွက်ထိုင်နေကြပါတယ် ။

တောင်ငူမြို့မှာလည်း ဝေဠုဝန်ကျောင်းသိမ်ပြိုကျမှုမှာလည်း ကိုရင်တစ်ပါးအပါအဝင် စစ်ရှောင်ကလေးငယ် ၅ ဦး သေဆုံးခဲ့ရတယ်လို့ အဲဒီမြို့က လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒါအပြင် ရှမ်းပြည်တောင်ပိုင်း၊အောင်ပန်းမြို့က ဟိုတယ်အောင်ပန်း ပြိုကျမှုဖြစ်စဉ်မှာ အမျိုးသမီးရုပ်အလောင်းနှစ်လောင်းတွေ့ရှိထားတယ်လို့ နာရေးကူညီမှုအသင်းအောင်ပန်းက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။