Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ခံရသူများအား အချင်းချင်း စာနာဖေးမကူညီစောင့်ရှောက်ပေးရန် NUG မေတ္တာရပ်ခံ

ငလျင်ဒဏ်ခံဒေသများရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့်လည်း အချင်းချင်း စာနာဖေးမကာ အပြန်အလှန်ကူညီစောင့်ရှောက်ကြပေးရန် မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အရေးပေါ် ကြေညာချက် ထုတ်ပြန်သည်။

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့ မင်းကွန်းတိနိကျောင်း ငါးထပ်ဆောင်ပြိုကျနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၈၊၂၀၂၅။ဟန်နွေ/People’s Spring

ငလျင်ဒဏ်ခံဒေသများရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့်လည်း အချင်းချင်း စာနာဖေးမကာ အပြန်အလှန်ကူညီစောင့်ရှောက်ကြပေးရန် မေတ္တာရပ်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အရေးပေါ် ကြေညာချက် ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၈ရက်)တွင် လှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်းသော ငလျင်နှင့် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် အနီးတဝိုက်မြို့များတွင် သာသနိက အဆောက်အဦ၊ အမွေအနှစ် အဆောက်အဦ များအပါအဝင် အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ မြေပြိုခြင်း၊ လမ်းတံတားများ ပျက်စီးခြင်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့သည်။

လက်ရှိအချိန်တွင် ငလျင်ဒဏ်ကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ ပျက်စီးဆုံးရှုံးမှုများ စာရင်း ကောက်ယူစုဆောင်းခြင်း၊ စိုးမိုးထိမ်းချုပ် နယ်မြေများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” အခြားငလျင်ဒဏ် ခံဒေသများရှိ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပြည်သူများအနေဖြင့်လည်း အချင်းချင်း စာနာဖေးမကာ အပြန်အလှန် ကူညီစောင့်ရှောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘာဝဘေးဒဏ်ဖြစ်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးကြရသည့် ပြည်သူတဦးချင်းစီတိုင်းနှင့် မိသားစုများနှင့်ထပ်တူ လွန်စွာ စိတ်ထိခိုက်ရပါကြောင်းနှင့် ပြန်လည် ထူထောင်ရေးကိစ္စရပ်များတွင် ပြည်သူလူထုနှင့်အတူတကွ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလေးအနက်ဖော်ပြလိုသည်”ဟု NUGက ထုတ်ပြန်သည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ဆောက်လက်စအဆောက်အဦ ပြိုကျပျက်စီးကာ မြန်မာအလုပ်သမားများအပါအဝင် ဆောက်လုပ်ရေးလုပ်သားများ အသက်ဆုံးရှုံး၊ ထိခိုက်ဒဏ်ရာရကြသည်ဟု ကြားသိရ၍လည်း များစွာစိတ်ထိခိုက်ရကြောင်း ဖော်ပြသည်။

ဘာသာရေးအဆောက်အဦများ ထိခိုက်ခံရမှုသည်လည်း နိုင်ငံ၏ အမွေအနှစ်များ ထိခိုက်ခြင်းဖြစ်၍ အထူးဝမ်းနည်းဖွယ်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတကာတိုင်းပြည်များနှင့် အဖွဲ့အစည်း များအနေဖြင့်လည်း ငလျင်ဒဏ်ခံစားကြရသော မြန်မာပြည်သူလူထုအား လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးပို့ကူညီကြရန် လည်း NUGက တိုက်တွန်းဖိတ်ခေါ်ခဲ့သည်။

ထိုသို့ ကူညီရာတွင် အမှန်တကယ်လိုအပ်နေသည့် ပြည်သူလူထုထံ အသေအချာ ရောက်ရှိစေမည့် နည်းလမ်းများကို ရှာဖွေချိတ်ဆက် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

ငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သော အဆောက်အအုံ အက်ကြောင်းများ၊ မြေလွှာအက်ကြောင်းများကြောင့် ဆက်လက်ပြိုကျနိုင်ခြင်း၊ တာတမံများ ကျိုးပြတ်နိုင်ခြင်း၊ တံတားများ ပြိုကျနိုင်ခြင်း တို့လည်း နောက်ဆက်တွဲ ငလျင်များနှင့် အတူ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် အထူးသတိပြုစစ်ဆေး၊ နေထိုင်ကြရန်လည်း သတိပေးသည်။

အထူးသဖြင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များကို လေ့လာဆည်းပူးထားပြီး အသက်အန္တရာယ်မထိခိုက်စေရေးနှင့် ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းစေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားကြရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။