Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးလက်နက်ဖြင့် အလင်းဝင်လာ

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် စက်ကလေးခေါ် MA-2တစ်လက် ယူဆောင်လာပြီး ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းထံအလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

အလင်းဝင်လာသော ရဲတပ်ကြပ်အား တွေ့ရစဉ်။ဓာတ်ပုံ - ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်း

စောနွေဦး/People’s Spring

ဆောမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် စက်ကလေးခေါ် MA-2တစ်လက် ယူဆောင်လာပြီး ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းထံအလင်းဝင်လာကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။

အဆိုပါ တပ်ကြပ်ကြီးသည် လက်နက်ခဲယမ်းများယူဆောင်လာ၍ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့သည်ဟု အဆိုပါတပ်ရင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ရဲစခန်းကနေ မြို့လယ်ခေါင်မှာလေ ဘယ်မှမထွက်ရဲကြဘူး။ ဒါကြောင့်အခုလို တစ်ယောက်ပြီးတစ်ယောက် အလင်းဝင်လာကြတာပါ”ဟုဆောမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ပြုတ်ကျရေးအတွက် စစ်ရေးအရှိန်မြင့်တင်နေသည့် ကာလဖြစ်၍ စစ်ကောင်စီလက်အောက်ခံ စစ်သားများ၊ ရဲများ အသက်အာမခံချက်ရှိစေရန် မင်းအောင်လှိုင် စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း ဂန့်ဂေါခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားသည်။

မတ်လ ၁၈ရက်ကလည်း စစ်ကောင်စီတပ်သားတစ်ဦးသည် အဆိုပါတပ်ရင်းသို့ လက်နက်ဖြင့် အလင်းဝင်ရောက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook