Connect with us

Hi, what are you looking for?

သတင်း

သဘောထားကွဲလွဲမှု ရှိလာပါက လက်နက်နှင့် ဖြေရှင်းသည့် နည်းမသုံးရန် ချင်းပြည်အစိုးရ၊ CNF နှင့် ICNCC ၊ ချင်းညီနောင်တို့ သဘောတူ

ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်(CB) ကိုယ်စားလှယ်များစက်တင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ နောင်တွင် သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုရန် အပါအဝင် အချက် ၅ချက်ကို သဘောတူညီခဲ့ကြောင်းChinland Information Center(CIC) က ယမန်နေ့ညတွင်ဖော်ပြသည်။

ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်(CB)ကိုယ်စားလှယ်များ​တွေ့ဆုံ​ဆွေး​နွေးစဥ်။ ဓါတ်ပုံ-ခိုနူမ်းသုန်

ဟန်နွေ/People’s Spring

ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်(CB) ကိုယ်စားလှယ်များစက်တင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ နောင်တွင် သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုရန် အပါအဝင် အချက် ၅ချက်ကို သဘောတူညီခဲ့ကြောင်းChinland Information Center(CIC) က ယမန်နေ့ညတွင်ဖော်ပြသည်။

ပဋိပက္ခနှင့် ပြဿနာအချို့၊ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည့် ချင်းညီနောင်၊ ICNCC အစုအဖွဲ့နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ CNF အစုဖွဲ့အတို့အကြားတွေဆုံပွဲကို Zo Reunification Organization(ZORO)ဦးဆောင်မှုဖြင့်စက်တင်ဘာ ၂၁ရက်က အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် အိုင်ဇောလ်မြို့တွင် ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ သဘောတူညီချက်ရရှိခဲ့သည်ဟု ခိုနူမ်းသုန် သတင်းဌာနကဖော်ပြခဲ့သည်။ ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်း တွေ့ဆုံဆွေးနွေးနေမှု ဓာတ်ပုံနှင့် အချက် ၅ချက် အား ကနဦး သဘောတူလက်မှတ်ရေးထိုးခဲ့မှု သဘောတူညီချက်တို့ကိုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ခေါနူမ်းသုန်သတင်းဌာန၏ ဖော်ပြချက်များကို ချင်းပြည်အစိုးရ၊ ချင်းပြည်ကောင်စီနှင့် CNF တို့၏ သတင်းထုတ်ပြန်မှုများ ပုံမှန်ဖော်ပြနေသည့်CIC က ပြန်လည် ဖော်ပြထားခြင်းဖြစ်သည်။

“နောက်နောင်တွင်နှစ်ဖက်အဖွဲ့အစည်းများ အကြား သဘောထားကွဲလွဲမှုရှိလာခဲ့ပါကလက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူ” ဆိုသည့် အချက်ကိုလည်း CIC က ရေးသားဖော်ပြထားသည်။

ချင်းပြည်ကောင်စီ အစုဖွဲ့နှင့် ချင်းညီနောင်၊ ICNCC အစုအဖွဲ့ ကိုယ်စားလှယ်များ သဘောတူညီချက်မှာ ချင်းဘာသာဖြင့် ရေးသားထားခြင်းဖြစ်၍ နှစ်ဖက် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများထံ ယမန်နေ့ ညနှင့် ယနေ့မနက်တွင် ဆက်သွယ်မေးမြန်းခဲ့ရာ အဆက်အသွယ်မရသေးပေ။

နှစ်ဖက်သဘောတူညီချက်များထဲတွင် ငြိမ်းချမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်း ပြီး ဆွေးနွေးမှု ဆက်လုပ်ရန် ဆိုသည့်အချက်ပါဝင်ကြောင်း ခေါနူမ်းသုန်သတင်း၌ ဖော်ပြထားသည်။ တွေ့ဆုံပွဲသို့ ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ပူးပါထန်း၊ CNF ဒုဥက္ကဋ္ဌ ပူးထန်းနိန်းကီး၊ ICNCC မှ ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila ၊ ဆလိုင်းပီတာထန်းတို့ ပါဝင်ခဲ့သည်ဟု ဆိုသည်။

CNF/CNA၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းပါဝင်သည့်ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ တပ်ဖွဲ့ဝင်များနှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်များ အကြား ယခုနှစ်ဆန်းမှစ၍ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ရာ

ဇွန်လတွင်မတူပီမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း နှစ်ဖက်ကျဆုံးထိခိုက်မှုများလည်းရှိခဲ့သည်။ ချင်းညီနောင် ဘက်တွင်၎င်းတို့၏မဟာမိတ် ရက္ခိုင့်တပ်တော်(AA)ပါဝင်ခဲ့သည်။

ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာရန် ချင်းလူထုများက တိုက်တွန်းနေသည့် အခြေအနေတွင် ယခုကဲ့သို့တွေ့ဆုံပွဲဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဇူလိုင် ၂၇ရက်ကလည်း ZORO၏ စီစဉ်ပေးမှုဖြင့် CNFနှင့် ဇိုမီးပြန်လည်ပေါင်းစည်းညီညွတ်ရေးအဖွဲ့(ZRO/ZRA) တို့ အကြား ပထမဆုံးအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာနောင်တွင် သဘောထား ကွဲလွဲမှုများ ထပ်မဖြစ်ရန်လိုလားကြောင်း သဘောတူညီကာ ငြိမ်းချမ်းရေးအတွက် ထပ်မံ ဆွေးနွေးရန်သဘောတူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။