Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်ခန့်အပ်ရေး ဗြိတိန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ (၇၉)ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ရေး ဗြိတိန်ရောက် မြန်မာများက ယနေ့ (စက်တင်ဘာ ၂၁) ချီတက်ဆန္ဒပြခဲ့ကြသည်။

သုည/People’s Spring

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ (၇၉)ကြိမ်မြောက် အထွေထွေညီလာခံတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား မြန်မာနိုင်ငံကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ရေး ဗြိတိန်ရောက် မြန်မာများက ယနေ့ (စက်တင်ဘာ ၂၁) ချီတက်ဆန္ဒပြခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို လန်ဒန်မြို့ Parliament Square နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆန္ဒပြမြန်မာများက ပြည်သူ့အသံကို ကိုယ်စားပြုပေးနေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး၊ စစ်ကောင်စီကို အသိအမှတ်မပြုရေး၊ စစ်ကောင်စီမှ အရပ်သားပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေမှုများ ချက်ချင်းရပ်တန့်ပေးရေး အစရှိသည်တို့ကို တောင်းဆိုခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။