သတင်း စစ်ကောင်စီက ဘူးသီးတောင်၌ မူဆလင်အချို့ကို သင်တန်းပေးနေသည့်အပြင် ရခိုင်မုန်းတီးရေး လုပ်ဆောင်နေဟု AA ပြော AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။ LuduNwayOoဧပြီ 14, 2024
သတင်း မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်းဖမ်းဆီးထားသော ပြည်သူနှစ်ဦးအား PDF ကယ်ထုတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။ LuduNwayOoဧပြီ 14, 2024
သတင်း စစ်သင်တန်းကျောင်းသို့ သွားသော စစ်ကားခြောက်စီးအား တိုက်ခိုက်မှု ၂၀ ခန့်သေဆုံး၊ ၄၅ ဦးအရှင်ဖမ်းမိ တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး ပျက်စီးပြီး ယာဥ်တန်းပါ ဗိုလ်ကြီး (၁) ဦးအပါအဝင် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။ LuduNwayOoဧပြီ 14, 2024
သတင်း မင်းတပ်တွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် ယခုနှစ်အတွင်း အရပ်သား ရှစ်ဦးထက်မနည်း သေဆုံး၊ ၃၀ခန့် ဒဏ်ရာရ စစ်ကောင်စီသည် ယခုနှစ်အတွင်း ပြည်သူ ၃၀ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေးဟု မင်းတပ် CDFက ထုတ်ပြန်သည်။ LuduNwayOoဧပြီ 14, 2024
သတင်း စိန်လုံဗျူဟာမှ ထွက်ပြေးသွားသည့်ဗျူဟာမှူး အားKIA ဖမ်းဆီးသော ရုပ်သံမှတ်တမ်းထွက်ပေါ်လာ စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ LuduNwayOoဧပြီ 13, 2024
သတင်း စစ်ကောင်စီ၏ ရန်ကုန်သင်္ကြန်အကြိုနေ့ စည်ကားမှုမရှိ ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။ LuduNwayOoဧပြီ 13, 2024
သတင်း မြဝတီမြို့ဦးတည်နေသည့်စစ်ကြောင်းမှ သံချပ်ကာယာဥ်တစ်စီးကို တော်လှန်ရေးအဖွဲ့များဖျက်ဆီး "ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ LuduNwayOoဧပြီ 13, 2024
သတင်း ခလရ(၁၄၂)မှ ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ထွက်ပြေးသူများနှင့်အတူ သယ်ယူခွင့်ပြုရေး စစ်ကောင်စီ၏တောင်းဆိုမှုကို တရုတ်ပယ်ချခဲ့ အဆိုပါတပ်ရင်းအတွင်းမှ ရွှေချောင်းအချို့လည်းရရှိခဲ့ကြောင်း ကနဦးသတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆက်တွဲစုံစမ်းမှုအရ အဆိုပါရွှေချောင်းများမှာအတုဖြစ်ကြောင်းသိရသည်။ LuduNwayOoဧပြီ 13, 2024
သတင်း အမေရိကန်ထိပ်တန်းသံတမန် နဲ့ NUG ခေါင်းဆောင်များဆွေးနွေး မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။ LuduNwayOoဧပြီ 13, 2024
သတင်း ဖားဆောင်းတိုက်ပွဲအတွင်း သေဆုံးဖမ်းမိခဲ့သော စစ်ကြောင်းတွင် စစ်ကောင်စီတပ်ရင်း လေးခုမှ တပ်သားများပါဝင် ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။ LuduNwayOoဧပြီ 13, 2024