Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ် မဒေါင်းလှပျူစောထီးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပျူစောထီးအင်အားကောင်းရာ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

မဒေါင်းလှပျူစောထီးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Sprin

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပျူစောထီးအင်အားကောင်းရာ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးကျေးရွာ၌ ၃နှစ်ကျော်တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် သြဂုတ်လကုန်ပိုင်းက တိုက်ပွဲပြင်းထန်ကာ ထိခိုက်မှုများပြီးနောက် စက်တင်ဘာ ၁၇ရက် ညနေပိုင်းက စစ်ကောင်စီ​၏ ဇီးကုန်းသကြားစက်သို့ ဆုတ်ခွာထွက်ခွာပြေးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

” ပျူတွေအားလုံး ဒဏ်ရာရတဲ့သူတွေကော သက်ရှိထင်ရှားရှိတဲ့ကောင်တွေအကုန်လုံးကို ကန့်ဘလူဘက်ကို ခေါ်သွားပြီ”ဟု ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းတစ်ကြောင်းမှာလည်း ကန့်ဘလူမြို့နယ်ဘက်ရှိ ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ အထိအခိုက်ရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၈ရက်)တွင် အဆိုပါ ပျူစောထီးကျေးရွာအား ကာကွယ်ရေးတပ်များ ရှင်းလင်းရေးဝင်ရောက်ရာ ဒေသခံပြည်သူများထံမှ မတရားခိုးယူထားသော နွားအုပ်၊သိုးအုပ်များနှင့် ပစ္စည်းချို့ ပြန်လည်ရရှိခဲ့ကြောင်း၊ အထိုင်ချထားခဲ့သော နေရာများအားရှင်းလင်းရာမှ ရဲဘော်၂ဦး မြေမြုပ်နင်းမိုင်းထိမှန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“အိမ်တွေကတော့ မရှိတော့ဘူး။ သူတို့မီးရှို့သွားတယ်။ ရွာဘုန်းကြီးကျောင်းမှာရှိတဲ့ဘုန်းကြီးကျောင်းမြေအောက်ခန်းမှာ သေနေတဲ့အလောင်းတွေ ပစ်ထားခဲ့တာ ပုပ်ဆွေးနေတာတွေတွေ့တယ်။”ဟု အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

မဒေါင်းလှပျူစောထီးရွာအား သြဂုတ် ၃၁ရက်တွင် ရွှေဘိုခရိုင်စစ်ဒေသ၏ ကွပ်ကဲမှူဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းများ၊ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ် ပကဖများနှ င့်အခြားခရိုင်နှင့်မြို့နယ်နီးစပ်ရာ မိတ်ဖက် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများပြားခဲ့သော မဒေါင်းလှပျူစောထီးအဖွဲ့အား စစ်ကောင်စီမှ ဂျက်တိုက်လေယဥ်ဖြင့် ၉စီးနှင့် ထောက်ပို့လေယဥ်တစ်စီးဖြင့် အကြိမ်ရေ ၂၀ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိတပ်သားအပါအဝင် ၁၃ဦး၊ပျူစောထီးအဖွဲ့ဝင် ၁၈ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲဘော် ၅ဦးလည်း ကျဆုံးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

အထိနာသွားသော စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်ဘက်မှစစ်ကူခေါ်၍ အင်အား ၁၇၀ ခန့်ဖြင့် စက်တင်ဘာ ၁ ရက်မှစတင်ကာ ၁၅ ရက် အထိ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃ရွာမှ နေအိမ်၅၀၀ ကျော်အား စစ်ကြောင်း ထိုးမီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ထိုစစ်ကြောင်းသည် စက်တင်ဘာ ၁၀ရက်က မဒေါင်းကြီးကျေးရွာမှ ကျောင်းသားတစ်ဦးအပါအဝင် ပြည်သူသုံးဦးအား ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးကျေးရွာများဖြစ်သော ပျဉ်ထောင်ရွာနှင့် မကျီးတုံ ရွာအပါအဝင် ခင်ဦးမြို့ ရဲစခန်း၊ဆေးရုံ၊မင်းသိုက်တိုက် စသည့် စစ်တပ်အထိုင်ချစခန်းများ ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook