Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းမြို့နယ် ရေကြီးမှုအတွင်း မိသားစုဝင် လေးဦးသေဆုံးမှု ရုပ်အလောင်းသုံးလောင်းရှာတွေ့

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာတွင် ရေကြီးမှုဖြစ်စဉ်အတွင်း အမွှာညီအကိုနှစ်ဦးအပါအဝင် မိသားစုဝင် လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးသွားသော ရမည်းသင်းမြို့နယ်ရှိ ကျေးရွာအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကန်ဘဲ့ကျေးရွာတွင် ရေကြီးမှုဖြစ်စဉ်အတွင်း အမွှာညီအကိုနှစ်ဦးအပါအဝင် မိသားစုဝင် လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ဒုတိယပတ်အတွင်းက ရမည်းသင်းမြို့နယ်တွင် ရေကြီးမှုကြောင့် ကန်ဘဲ့ရွာ စမုံချောင်းဘေးနေ အသက်(၂၄)နှစ်အရွယ် အမွှာညီအကိုများဖြစ်သော ကိုသန်းတိုးလင်းနှင့် ကိုသန်းတိုးဝင်း၊ ကိုသန်းတိုးဝင်း၏ ဇနီးဖြစ်သူ အသက် (၃၁)နှစ်အရွယ် မဇင်မာမိုးနှင့် အသက်(၂)နှစ် အရွယ် မကြယ်ဇင်မိုးတို့ သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က စမုံချောင်းဘေးမှာ လယ်ယာလုပ်ကိုင် စားသောက်ကြတာကြာပြီ။ စမုံချောင်းထဲကို ရေစီးတွေက အလုံးအရင်းနဲ့ကျလာတော့ သူတို့နေတဲ့တဲတွေ၊ သူတို့ကိုယ်တိုင်ရော၊ သူတို့ကျွဲနွား​တွေရော ပျက်စီးဆုံးရှုံးသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် ရုပ်အလောင်းသုံးလောင်းအား ရှာဖွေတွေ့ရှိခဲ့သော်လည်း ကလေးဖြစ်သူ​၏ ရုပ်အလောင်းကိုမူ ယနေ့အထိ တွေ့ရှိခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယခုဖြစ်စဥ်ကဲ့သို့ပင် မိသားစုဝင် လေးဦးလုံး သေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခု မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံရွာတွင်လည်း ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်တွင် မိခင်ဖြစ်သူ မအိလှိုင်တစ်ဦးတည်းသာ လွတ်မြောက်ခဲ့ပြီး လင်ယောကျာ်းဖြစ်သူနှင့်ကလေး သုံးဦးလုံး ရေစီးဖြင့်မျောပါသေဆုံးခဲ့ရသည်။

ရေကြီး၊ ရေလျှံဒေသများတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ရေထဲမျောပါပျောက်ဆုံးမှုများရှိနေပြီး တစ်ပတ်ကြာသည်အထိ ရှာမတွေ့သေးကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်ဝန်းကျင်မှစ၍ နေပြည်တော်တဝိုက်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ တံတားဦးမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူသိန်းချီရေဘေးသင့်ကာ သေဆုံးသူ ရာဂဏန်းခန့်ရှိနေသည်။ ထို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်