သတင်း လွယ်ဂျယ် ခလရ(၁၄၂)အတွင်းမှ ကျပ်သိန်းငါးသောင်းကျော်နှင့် ရွှေချောင်းအချို့ KIA သိမ်းဆည်းရရှိ ခလရ(၁၄၂)အတွင်း ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအရာရှိများသည် ဧပြီ ၈ ရက်ည ၈နာရီခန့်က တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။ LuduNwayOoဧပြီ 10, 2024
သတင်း နှစ်ပေါင်း၂၀ကျော် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်နီ KNSOက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မည်ဟု ကြေညာ ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။ LuduNwayOoဧပြီ 10, 2024
သတင်း ရတခတိုက်ခိုက်မှု စစ်ကောင်စီဝင် ၃ဝကျော် ဒဏ်ရာရ စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းသည် ရတခတွင်ရောက်ရှိကာ မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဧပြီ 9, 2024
သတင်း သွေးခွဲမှုများကို သတိထားပြီး စည်းလုံးညီညွတ်မှုကိုဆက်လက်ကိုင်စွဲသွားပါက တော်လှန်ရေးအောင်မြင်ရန် မဝေးတော့ဟု KNU ပြော မတ်လ ၇ရက်တွင် KNUဦးဆောင်သည့် ပူးပေါင်းတပ်က ထိုးစစ်အရှိန်မြှင့်ပြီး ကျိုက်ဒုံ ၊ ဖာပွန်၊ သင်္ဃန်းညီနောင်ဗျူဟာတို့အား သိမ်းပိုက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။ LuduNwayOoဧပြီ 9, 2024
သတင်း မဲဆောက် – မြဝတီအမှတ်(၁)တံတားတွင် ကရင်ပူးပေါင်းတပ် နေရာယူ KNLA၊ PDF ပူးပေါင်းတပ်များက ခမရ(၂၇၅) တပ်ရင်းအား ယနေ့စတင်တိုက်ခိုက်နေ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက ရေးသားနေကြသည်။ LuduNwayOoဧပြီ 9, 2024
သတင်း စစ်ကောင်စီနှင့်ဆွေးနွေးရန် အကြောင်းမရှိဟု KNU ထပ်လောင်းပြော စစ်သုံ့ပန်းများ၏ အသက်ရှင်ရပ်တည်ရေးသည်များစွာ အရေးကြီးသည်ဟုလည်း ပြည်သူများအား ပဒိုစောတောနီးက အသိပေးသည်။ LuduNwayOoဧပြီ 9, 2024
သတင်း ခလရ(၁၄၂)တပ်ရင်းကို KIA သိမ်းပိုက်ပြီး လွယ်ဂျယ်မြို့ကို အလုံးစုံထိန်းချုပ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး အဆင့်အပါအဝင် အရာရှိ၊ စစ်သည်များစွာ သေဆုံးကာ ဖမ်းဆီးခံရသူ ရာချီရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အများအပြားကို KIAက သိမ်းပိုက်ရရှိခဲ့သည်။ LuduNwayOoဧပြီ 9, 2024
သတင်း KNU ပူးပေါင်းတပ်ပစ်ချခဲ့သည့်စစ်ကောင်စီရဟတ်ယာဉ်အား ကော်ဘရာစစ်ဆင်ရေးမှူး သွားရောက်ကြည့်ရှု စစ်တပ်အာဏာသိမ်းပြီးနောက်တော်လှန်ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်ကောင်စီ ရဟတ်ယာဥ်နှင့် လေယာဥ် ၇ စီးရှိပြီဖြစ်သည်။ LuduNwayOoဧပြီ 9, 2024
သတင်း မြင်းခြံတွင် စစ်တပ်က ကျေးရွာနှစ်ရွာမီးရှို့ဖျက်ဆီးပြီး ပြည်သူသုံးဦးအား သတ်ဖြတ် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။ LuduNwayOoဧပြီ 8, 2024
သတင်း စစ်သားနဲ့မိသားစုတွေကို လေယာဉ်နဲ့ ပြန်ခေါ်မယ့် အစီအစဉ် စစ်ကောင်စီက အကြောင်းပြချက်မပေးပဲ ရပ်ဆိုင်းကြောင်း ထိုင်းအစိုးရအတည်ပြု အဲဒီလေယာဥ်မှာ စစ်ကောင်စီက မြဝတီမြို့က စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်ကငွေတွေနဲ့ လူ ၂၀ ကို ခေါ်သွားကြောင်း ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ် ။ LuduNwayOoဧပြီ 8, 2024