Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြစ်အတွင်း လေယာဥ်ဆီများတင်ဆောင်လာသည့် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်

မြိတ်မြို့မှတဆင့် လေယာဥ်ဆီပေပါများတင်ဆောင်၍ ထားဝယ်မြို့ဘက်သို့ မြစ်ကြောင်းအ တိုင်း မောင်းနှင်လာသော ငါးဖမ်းစက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက လေယာဥ်များတင်ဆောင်လာသည့်ဆိုသည့် ငါးဖမ်းစက်လှေတစ်စီးကို ထားဝယ်မြစ်အတွင်းတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

မြိတ်မြို့မှတဆင့် လေယာဥ်ဆီပေပါများတင်ဆောင်၍ ထားဝယ်မြို့ဘက်သို့ မြစ်ကြောင်းအ တိုင်း မောင်းနှင်လာသော ငါးဖမ်းစက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၅ ရက် နံနက် ၇နာရီခန့်က ထားဝယ်မြစ်အတွင်း ငါးဖမ်းလှေတစ်စီးဖြင့် လေယာဥ်များတင်ဆောင်၍ စစ်ကောင်စီတပ်သား လေးဦးလိုက်ပါလာသည့် ငါးဖမ်းစက်လှေတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပစ်လိုက်တာပဲဗျ။ ထိခိုက်မှုအခြေနေ မသိရသေးဘူး”ဟု လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လေယာဥ်များတင် ဆောင်လာသောငါးဖမ်းစက်လှေသည် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ထားဝယ်မြို့ဘက်သို့ အရှိန်တင်မောင်းနှင်သွားကာ ထားဝယ်ကြက်စာပြင်ဆိပ်ကမ်းသို့ ဆိုက်ကပ်သွားပြီး ထိခိုက်ပျက်စီးမှုရှိ၊မရှိ မသိရသေးပေ။

ထို့နောက် စက်လှေပေါ်မှ ဆီပေပါများကို ကားဖြင့်တဆင့် သယ်ယူကာ သပြေချောင်းကျေးရွာဘက်ရှိ စစ်ကောင်စီလက်အောက်ခံ စကခ(၈)တပ်ရင်းဘက်သို့ သယ်ဆောင်ကာ ယင်းတပ်ရင်းအတွင်း ဝင်ရောက်သွားကြောင်း စုံစမ်းသိရသည်။

လက်ရှိအခြေအနေတွင် တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင်၌ စစ်ရေးတင်းမာလျှက်ရှိရာ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် စစ်ရေးအချိန်မြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများ သတိထားသွားလာနေထိုင်ကြရန် တော်လှန်တော်တပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ စုံစမ်းသိရှိရပါတယ်။

သတင်း

လေယာဥ်ဆီရရှိမှုအခက်အခဲတွေကြောင့် ခရီးသည်တွေ ပစ္စည်းသယ်နိုင်မယ့် အလေးချိန် ၁၀ကီလိုသာ ပေးတော့မယ်လို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA)နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI)က ဒီကနေ့ မတ်လ ၁၉ရက်မှာ ကြေညာပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်း စက်လှေနဲ့ သွားလာနေတဲ့ပြည်သူတွေကို ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံကနေ သယ်ဆောင်လာတယ်ဆိုတဲ့ စိတ်ကြွဆေး တန်တစ်ဝက်လောက်ကို ထိုင်းနိုင်ငံရဲ့ ဖူးခက်ကျွန်း ကမ်းလွန်ရေပြင်မှာ ကျောက်ချထားတဲ့ စက်လှေတစ်စီးပေါ်မှာ ဖမ်းဆီး ရမိခဲ့ပါတယ်။