Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမြို့နယ်တွင် ရေစီးမျောပါသွားသည့် မိသားစုဝင်လေးဦးရုပ်အလောင်းများ ပြန်တွေ့၊ မိခင်တစ်ဦးသာ အသက်ရှင်ကျန်ရစ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ရေကြီးမှုကြောင့် ရေစီးဖြင့်မျောပါသွားသည့် မိသားစုဝင် လေးဦး၏ ရုပ်အလောင်းအားလုံးပြန်တွေ့ရှိခဲ့ပြီး မိခင်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖခင်နှင့်သားဖြစ်သူ၏ ရုပ်အလောင်းနှစ်လောင်းအား တွေ့ရှိခဲ့ပြီးနောက် သယ်ယူခဲ့စဥ်။ဓာတ်ပုံ-Myo Htet

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ရေကြီးမှုကြောင့် ရေစီးဖြင့်မျောပါသွားသည့် မိသားစုဝင် လေးဦး၏ ရုပ်အလောင်းအားလုံးပြန်တွေ့ရှိခဲ့ပြီး မိခင်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ ရက်က ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာတွင် ရေကြီး,ရေလျှံမှုကြောင့် မိဘ နှစ်ဦးနှင့် ကလေးသုံးဦး ရေစီးဖြင့်မျောပါခဲ့ရာ မိခင်ဖြစ်သူ မအိလှိုင်တစ်ဦးတည်းသာ လွတ်မြောက်ခဲ့ပြီး ဖခင်ဖြစ်သူနှင့် ကလေး သုံးဦး မျောပါသွားခဲ့သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၆ရက်တွင် မအိလှိုင်၏ (၃)နစ်အရွယ်သမီးဖြစ်သူ မကေခိုင်ဇင်နှင့် (၅)နှစ်အရွယ်သားဖြစ်သူ မောင်သက်ဝေထွန်းတို့၏ ရုပ်အလောင်းနှစ်လောင်းအား စတင်တွေ့ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၇ ရက်တွင်လည်း ဖခင်ဖြစ်သူနှင့်(၁၁)နှစ်အရွယ် သားကြီးဖြစ်သူ၏ ရုပ်အလောင်းကိုပါ တွေ့ရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသည့် ပရဟိတအဖွဲ့သားတစ်ဦးက ပြောသည်။

ထပ်မံတွေ့ရှိခဲ့သည့် ရုပ်အ​လောင်းနှစ်လောင်းအား မျိုးဆက်သစ်မြတ်ပါရမီ လူမှုကယ်ဆယ်ရေးအဖွဲ့ မိတ္ထီလာမြို့မှ ဝမ်းတွင်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ထို့အပြင် ဝမ်းတွင်းမြို့နယ်၊ သပြေသာကျေးရွာမှလည်း (၅၃)နှစ်အရွယ် ဦးမြင့်သိန်းဆိုသူ ရေစီးမျောပါပျောက်ဆုံးခဲ့ကြောင်း ​Voice Of Wundwin အဖွဲ့က ပြောသည်။

ရေကြီးရေလျှံဒေသများတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ရေစီးမျောပါပျောက်ဆုံးမှုများရှိနေပြီး တစ်ပတ်ကြာသည်အထိ ရှာမတွေ့သေးကြောင်း သိရသည်။

စက်တင်ဘာ ၁၁ရက်ဝန်းကျင်မှစ၍ နေပြည်တော်အနီး ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ တံတားဦးမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပြည်သူသိန်းချီရေဘေးသင့်ကာ လူသေဆုံးမှုလည်း များပြားခဲ့သည်။ ထို့အပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာလိုအပ်ချက်များလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်