Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသင်္ဘောအုပ်စု ကနီမြို့နယ်အတွင်းရောက်ရှိ၊ လုံခြုံရေးသတိပြုရန် ဒေသခံများအား PDFရဲဘော်များ သတိပေး

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စုသည် ကနီမြို့နယ်အတွင်းရောက်ရှိလာပြီး မြစ်ကမ်းဘေးကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ စစ်သဘော်များ ချင်းတွင်းမြစ်အတွင်း သွားလာနေစဥ်။ ဓာတ်ပုံ - ULF

မိထက်/People’s Spring

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စုသည် ကနီမြို့နယ်အတွင်းရောက်ရှိလာပြီး မြစ်ကမ်းဘေးကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

သူတို့ ဆက်စုန်လာတယ်။ ကနီက ကင်းရွာကို ရောက်နေပြီ။ အခုထိတော့ အရပ်သားထိခိုက်တယ်လို့မကြားမိသေးဘူး”ဟု ယင်းမာပင်ခရိုင်၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါစစ်ကောင်ရှိသင်္ဘောအုပ်စုတွင် သင်္ဘောကိုးစီပါဝင်ပြီး အရှေ့ဆုံးနှင့် နောက်ဆုံးမှသင်္ဘောနှစ်စီးတွင် လက်နက်များတပ်ဆင်ထားကာ ရမ်းသမ်းပစ်ခတ်နေခြင်းဟု ကနီမြို့နယ်မှပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်း ဘေးကျေးရွာများမှဒေသခံများအနေဖြင့် မြစ်ကမ်းနှင့်သုံးမိုင်ခန့်အကွာ၌ ယာယီရှောင်တိမ်းနေကြရန်နှင့် မြစ်ကြောင်းအတွင်း စက်လှေများသွားလာခြင်းမပြုရန် ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

စစ်ကောင်စီသင်္ဘောများပေါ်တွင် ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းမှတဆင့် ကျောက်စိမ်းများ တင်ဆောင်လာပြီး ချင်းတွင်းမြစ်ကြောင်းမှတဆင့် ဟုမ္မလင်း၊ ကလေးဝ၊ မော်လိုက်၊ မင်းကင်း၊ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာမြို့နယ်တလျှောက် စုန်ဆင်းလာခြင်းဖြစ်သည်။

” ဒီသင်္ဘောအုပ်စု တက်သွားတုန်းကလည်း ဘေးပတ်ဝန်းကျင်ရွာတွေကို ရမ်းပစ်ခတ်သွားသေးတယ်။ အခုပြန်ဆင်းတော့လည်း ပစ်ခတ်ပြီဆင်းလာတယ်”ဟု ကနီမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဧရာဝတီမြစ်ကြောင်းတွင်လည်း လက်နက်ခဲယမ်းများနှင့်ရိက္ခာများသယ်ဆောင်လာသော သင်္ဘောငါးစီးကို ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ပို့ဆောင်ရန် ကြိုးပမ်းနေသည်။ အဆိုပါ သင်္ဘောငါးစီးသည် ရွှေကူမြို့ဆိပ်ကမ်း၌ရှိနေပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFများက တိုက်ခိုက်နေ၍ ဗန်းမော်မြို့အထိ ခရီးဆက်နိုင်ခြင်းမရှိဖြစ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီနဲ့ မင်းကင်းမြို့နယ်အစပ်မှာ စစ်တပ် ရေယာဥ်တွေ ထပ်မံတိုက်ခိုက်ခံရပြီး အထက်ကို ဆက်လက် ဆန်တက်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။