Hi, what are you looking for?
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။
ကျွန်းစုမြို့နယ်ဘက်မှ တနင်္သာရီမြို့နယ်အ တွင်း စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိသောစစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ပါတ်ကျော်အတွင်း ၁၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းမှစစ်သားနှင့် ပျူစောထီး ၅၀ ကျော်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။