မုံရွာမြို့ပေါ် တစ်နေရာတွင် မုံရွာပင်မသပိတ်အဖွဲ့သားများက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုအဖြစ် ယနေ့(သြဂုတ် ၆ရက်)ချီတက်ဆန္ဒပြခဲ့ကြသည်။
စစ်ကောင်စီတပ်သားများ သောင်းကျန်းမင်းမူနေသည့် အဖမ်းအဆီး အစစ်အဆေးများကြားကပြုလုပ်ခဲ့ခြင်းဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးထားသည်။
စစ်အာဏာရှင်စနစ် ပြိုကျရေးအတွက် ပြည်သူလူထုတရပ်လုံးအနေဖြင့် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုများတွင် ပုံစံအမျိုးမျိုးနဲ့ ပါဝင်လှုပ်ရှားကြပါရန်လည်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တောင်းဆိုသည်။