Connect with us

Hi, what are you looking for?

သတင်း

ရမခ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်မှုအပေါ် အားရဂုဏ်ယူကြောင်း ချင်းညီနောင်သဝဏ်လွှာပို့

ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ် တပ်များက ရှမ်းမြောက် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အား သိမ်းပိုက်နိုင်မှုအပေါ် ဝမ်းသာအားရ ဂုဏ်ယူကြောင်း ချင်းဒေသကာကွယ်ရေးတပ်များနှင့် စုဖွဲ့ထားသည့် ချင်းညီနောင်က သဝဏ်လွှာပေးပို့သည်။

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေသော MNDAAရဲဘော်များ။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)နှင့် မဟာမိတ် တပ်များက ရှမ်းမြောက် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အား သိမ်းပိုက်နိုင်မှုအပေါ် ဝမ်းသာအားရ ဂုဏ်ယူကြောင်း ချင်းဒေသကာကွယ်ရေးတပ်များနှင့် စုဖွဲ့ထားသည့် ချင်းညီနောင်က သဝဏ်လွှာပေးပို့သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၏ တစ်နေ့ထက်တစ်နေ့ စစ်ရေးအရှိန်အောင်မြင်မှုသည် ရှမ်းမြောက်ပိုင်းနှင့် မန္တလေးတိုင်းများအထိ စစ်ရေးအောင်မြင်မှု များအပေါ်လည်း ဂုဏ်ယူကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ညီနောင်မဟာမိတ် သုံးဖွဲ့နှင့်အခြား မိတ်ဖက် တော်လှန်ရေး အင်အားစုများ သိမ်းယူထားနိုင်သော မြို့များတွင် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ကြိုးစားဆောင်ရွက်နေသည့်အပေါ် အားရယုံကြည်ပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ပါစေဟုလည်း ချင်းညီနောင်က ဆန္ဒပြုထားသည်။

ချင်းညီနောင်အနေဖြင့်လည်း အဖွဲ့ဝင်များ ထိန်းချုပ်ထားရာ နယ်မြေများအား မကြာမီကာလအတွင်း စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်စေရန် မဆုတ်မနစ် ကြိုးပမ်းအားထုတ်နေကြောင်း အသိပေးသည်။

ထို့ပြင် ကိုယ်ပိုင်ပြဌာန်းခွင့် ၊တရားမျှတမှု၊ အပြန်အလှန် လေးစား တန်ဖိုးထားမှု၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရာတွင်လည်း တစ်နိုင်ငံလုံးရှိ တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

ချင်းညီနောင်သည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တွင် ပါဝင်သည့် ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ်ဖြစ်ပြီး AAနှင့် ပူးပေါင်းကာ မတူပီမြို့နယ် ရှိစစ်ကောင်စီတပ်များ၊ မင်းတပ်မြို့နယ် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားသည်။

ရမခ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်နိုင်မှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးကလည်း MNDAAထံ သဝဏ်လွှာပေးပို့ထားသည်။

ဆက်စပ်သတင်းများ