Connect with us

Hi, what are you looking for?

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၇ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားများနှင့် ရဲများ အမြင်မှန်ရပါက အနာဂတ်ရှိမည်ဖြစ်ပြီး စစ်အာဏာရှင်ခိုင်သမျှ လုပ်ဆောင်နေပါက ဘ၀၊ အသက်ပျက်စီးမှုနှင့်လမ်းဆုံးလိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ထပ်လောင်း သတိပေးလိုက်သည်။

သတင်း

မိုးကုတ်မြို့သိမ်းတိုက်ပွဲ၌ ထွက်ပြေးသွားသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်လွင်က စစ်ကောင်စီမြေပြင်တပ်များသည် PDFများနှင့်​တော်လှန်​ရေးတပ်များကို ယှဉ်မတိုက်ခိုက်နိုင်ခဲ့ကြောင်း နှင့်အင်အားမရှိဘဲ စစ်မြေသို့လွှတ်နေသည့် အထက်အရာရှိများအကြောင်းကို တိုင်းစစ်ဌာနချုပ်စစ်ကြောရေး၌ ထွက်ဆိုသွားကြောင်း စုံစမ်းသိရှိရသည်။

သတင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် ဩဂုတ် ၆ရက် က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးမှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းရဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သတင်းထုတ်ပြန်သည်။

သတင်း

ဆီဆိုင်မြို့နယ်တိုက်ပွဲ စစ်ကောင်စီ အလောင်း ၁၀လောင်းနှင့် လက်နက် ၁၀လက်၊ ဒရုန်း ၁စင်းသိမ်းရဟု PNLA အသိပေး

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ ကိုရင့်ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းမြောက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၆ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ခဲ့ပြီး စျေးဆိုင်ခန်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

သတင်း

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ရွာများအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကို တားဆီး ဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို အားကိုးစွာဖြင့် တောင်းဆိုကြောင်း တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်မှ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO)များနှင့်အတူ လက်တွဲပူးပေါင်းရန် ပြည်သူ့ဘက်ကူးပြောင်းခဲ့သည့် တပ်မတော်သားအစုအဖွဲ့များက ယနေ့(သြဂုတ် ၆ရက်)ပူးတွဲထုတ်ပြန်လိုက်သည်။

Facebook