Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် KIA နှင့် စစ်ကောင်စီတပ် ယနေ့တိုက်ပွဲဆက်ဖြစ်

စစ်ကောင်စီဘက်ကလည်း ယနေ့ နံနက်တွင် တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ဓာတ်ပုံ - Lahtaw Zau Seng)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ဓာတ်ပုံ - Lahtaw Zau Seng)

▪️စစ်ကောင်စီတပ် အထိနာ၊ လက်နက်ခဲယမ်းများသိမ်းရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ရက်)က ဖားကန့်မြို့နယ် နမ့်တိမ်ဒေသကို ဦးတည်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIAက ဖားကန့် နယ် (၆)မိုင်နေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အရာရှိအပါအဝင် သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(၆)မိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးအလောင်းများနှင့် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ ဓာတ်ပုံလူမှုကွန်ရက်၌ ပြန့်နှံ့လျက်ရှိသည်။

“(၆)မိုင်တိုက်ပွဲမှာ သိမ်းရတာ ဒီနေ့ထပ်ရတာ မပါသေးဘူး။ ဖေဖော်ဝါရီ ၁၁ရက်နေ့ကဟာပဲ။ ဒီနေ့မနက် ထပ်ရတာ စာရင်းမသိရသေး” ဟု စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို ပြောပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲတွင် ဖားကန့်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းကို KIA က ယနေ့ ထပ်မံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဖားကန့်ဘက် ပြန်လည်ဆုတ်ခွာလာတဲ့ စကစ စစ်ကြောင်းလက်ကျန်တွေကို ကျောက်ဖြာမှာ ဖြတ်တိုက်တာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီဘက်ကလည်း ယနေ့ နံနက်တွင် တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ယခု စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖေဖော်ဝါရီလဆန်းပိုင်းတွင် KIA သိမ်းထားသည့် နမ့်တိမ်းဒေသရှိ နန့်တိမ်စခန်းကို ဦးတည်ထိုးစစ်ဆင်လာသည့် စစ်ကြောင်းဖြစ်ပြီး KIA၏ တိုက်ခိုက်မှုကြောင့် ၂ရက်ဆက် အထိနာကာ တပ်ပြန်ဆုတ်သွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။