Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်

ဗန်းမောက်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်ကလည်း အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီ၊SNA (ရှမ်းနီ)နှင့် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့​သေးသည်။

(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ။ဓါတ်ပုံ- BR)
(ဗန်း​မောင်မြို့နယ်မှ စစ်သင်တန်းတက်​ရောက်​နေ​သောPDF များ ။ဓါတ်ပုံ- BR)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် ၊ ရှမ်းနီတပ် (SNA )နှင့် ပျူစောထီးများပါဝင်သည့် အင်အား ၃၀၀ ခန့်ပါစစ်ကြောင်းသုံးကြောင်း နှင့် ​တော်လှန်​ရေးတပ်ဖွဲ့များ ကြားတိုက်ပွဲဖြစ်ပွား​နေပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေသည်။

ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးရွာ၊ကြောင်လည်ရွာနှင့် မြစ်သေးချင်းရွာတို့တွင် ဖေ‌ဖော်ဝါရီလ ၅ ရက်မှစ၍ တိုက်ပွဲဖြစ်နေခြင်းဟု ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

“တိုက်ပွဲပြင်းထန်လို့ လေကြောင်းကနေ လာပစ်တယ်။ မနေ့က။ လက်ရှိကတော့ တိုက်ပွဲဆက်ဖြစ်နေတယ်။ စစ်‌ကြောင်းက ဆည်ကြီးတောင်မှာအထိုင်ချထားတယ်”ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီလ ၉ရက်) နံနက်နှင့် နေ့လယ်ပိုင်းမှာ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပြီး စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဗန်းမောက်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်တပ်က ယမန်နေ့က လက်နက်ကြီးငါးလုံးပစ်ခတ်ပြီး ပိတ်မိနေသည့်မြေပြင်စစ်ကြောင်းကို ဆွဲထုတ်နိုင် ရန်ညကြိုးစားခဲ့သည်ဟု ​PDF အချို့ကပြောသည်။

ပင်ဟင်းခါးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီအင်အား များသောကြောင့် ၂၀၂၃ နိုဝင်ဘာလက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် SNA ၏ဂိတ်စခန်းတစ်ခုကို ပြန်လည်ဆုတ်​ပေးထားကြောင်းသိရသည်။

သို့​သော်လက်တလောတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်ကျဆုံးမှု မရှိပေ။ စစ်ကောင်စီဘက်တွင် ထိခိုက် သေဆုံးမှုများရှိသည်ဟု​ဒေသခံအချို့က​ပြောသည်။သို့သော် ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကအသေးစိတ်အတည်မပြုနိုင်သေးပေ။

ဗန်းမောက်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်ကလည်း အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီ၊SNA (ရှမ်းနီ)နှင့် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။