Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းပြားတွင်စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးကို AA ထပ်မံ တိုက်ခိုက်နှစ်မြှုပ်

၁၀၂၇ စစ်ဆင်ရေး (၁၀၉) ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ရက်တွင် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ်အချို့၌ တိုက်ပွဲများ ဆက်ဖြစ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

(​ဖေ​ဖော်ဝါရီ ၁၂ ရက်တွင် မင်းပြားမြို့နယ်တွင် စစ်​ကောင်စီတပ် စစ်သင်္ဘောကို AA ကတိုက်ခိုက်နစ်မြှပ်စဥ်။ ဓါတ်ပုံ-3 BHA)
(​ဖေ​ဖော်ဝါရီ ၁၂ ရက်တွင် မင်းပြားမြို့နယ်တွင် စစ်​ကောင်စီတပ် စစ်သင်္ဘောကို AA ကတိုက်ခိုက်နစ်မြှပ်စဥ်။ ဓါတ်ပုံ-3 BHA)

▪︎AA ထိန်းချုပ်ထားသည့် မင်းပြားနှင့် ကျောက်တော်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ ပြည်သူ ၇ဦးသေ၊ ၁၃ဦး ဒဏ်ရာရ

ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီအားရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ ဆက်လက်ရှိနေခဲ့ပြီး ယခုရက်သတ္တပတ်အတွင်း ရေကြောင်းတိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ရာယမန်နေ့(ဖေဖော်ဝါရီ၁၂ရက်)တွင် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးကို ထပ်မံတိုက်ခိုက်နှစ်မြှုပ်ခဲ့ကြောင်း AAပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၇ရက် နှင့် ၈ ရက်ရက်များတွင် ကျောက်တော်မြို့နယ်၌ စစ်ကောင်စီ၏ စစ်ရေယာဉ်၊ စစ်သင်္ဘော (၃) စီးကို မြစ်ထဲတွင် တိုက်ခိုက်နစ်မြှပ်ခဲ့ပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ၌လည်း မင်းပြားမြို့နယ်အတွင်း နောက်ထပ်စစ်သင်္ဘော (၁) စီးကိုထပ်မံ၍ တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ထို​ကြောင့် ​စစ်​ကောင်စီတပ်စစ်သင်္ဘော ၄ စီးကို AA ကတိုက်ခိုက်နစ်မြှပ်ထားခြင်းဖြစ်သည်။

ထို့အပြင် ရက္ခိုင်ဒေသ စစ်ဆင်ရေးအတွင်း AA၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်သင်္ဘော ၈ စင်းထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ယခင်ထုတ်ပြန်ချက်များအရ သိရသည်။

၁၀၂၇ စစ်ဆင်ရေး (၁၀၉) ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၂ရက်တွင် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ်အချို့၌ တိုက်ပွဲများ ဆက်ဖြစ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

မင်းပြားမြို့အားစစ်ကောင်စီသည်လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်ခဲ့ရာ ယမန်နေ့တွင် မင်းပြား-စွန်ရဲလမ်းမထက်ရှိ ပုလဲပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီ၏ဂျက်ဖိုက်တာ (၁) စီးမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ (၄) ဦး ဒဏ်ရာပြင်းထန်ခဲ့ဟု အသိပေးသည်။

ဖေဖော်ဝါရီ ၁၁ရက်ညပိုင်းကလည်း AAက အလုံးစုံထိန်းချုပ်ထားပြီဖြစ်သည့် ကျောက်တော်မြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ စစ်ကောင်စီ၏ ထောက်ပို့လေယာဉ်ကလာရောက်တိုက်ခိုက်ခဲ့ရာကျောက်တော်မြို့နယ်၊ ပိုက်သည် ရပ်ကွက်အတွင်းမှ အရပ်သားပြည်သူ (၇) ဦးပွဲချင်းပြီးသေဆုံးကာ ၉ ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေကျေးရွာအနီးတွင်လည်းယမန်နေ့ နေ့လယ်ပိုင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနေရာ၌ ဖေဖော်ဝါရီ ၁၁ရက်ကတည်းက တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။တိုက်ပွဲဖြစ်နေစဉ် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ် “နခခ (၅)” မှလည်း လက်နက်ကြီး ပစ်ကူပေးခဲ့သည်ဟုဆိုသည်။

ရမ်းဗြဲမြို့၌ စစ်ကောင်စီ၏ အခြေချတပ်စွဲထားသည့်သိမ်တောင်ဘုရားကုန်းပေါ်ရှိ တပ်စခန်းမှ ရမ်းဗြဲမြို့ထဲသို့ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်ခဲ့ပြီး ကလိန်တောင်မြစ် သလူချောင်းဝနှင့် ပြင်ချောင်းကြီးချောင်းဝအကြား ရပ်နားထားသော ရန်သူ့နေဗီကမ်းထိုးဇက်ရေယာဉ်နှင့် အမှတ် (၄၁) တိုက်ခိုက်ရေးနေဗီတို့မှလည်း မြစ်ကမ်းနားတစ်လျှောက်နေရာများအား လက်နက်ငယ်များဖြင့် အကြိမ်ပေါင်းများစွာ အဆက်မပြတ်တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်သည်။

အမှတ် (၄၁) တိုက်ခိုက်ရေးစစ်သင်္ဘောသည်ရမ်းဗြဲမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် (၉) ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့ပေါ်ရပ်ကွက်အချို့အပါအဝင်အောင်ဓမ္မဗိမာန်ဓမ္မာရုံနှင့် ကိုယ်ရံတောင်ဘုရားကုန်း အနီးတစ်ဝိုက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟုဆိုသည်။

ကျောက်ဖြူမြို့၌ လည်းစစ်ကောင်စီ၏ “ခမရ (၅၄၂) တပ်ရင်းဗျူဟာကုန်း” မှလည်းကောင်း၊ ဂုံးချွိန်တိုက်နယ်၊ ချောင်းဝကျေးရွာနှင့် ဂေါ်တူကျေးရွာကြား ပင်လယ်ပြင်၌ ရပ်နားထားသည့် ရန်သူ့တိုက်ခိုက်ရေးနေဗီ သင်္ဘောတစ်စီးမှလည်းကောင်း၊ ပြိုင်းစေ့ကေကျေးရွားအနီး ညောင်စိန်တောင်နားမှလည်းကောင်း ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် (၇၀) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသရှိ မြို့နယ်များနှင့် တပ်စခန်းများကို စစ်ဆင်ရေး (၂) လတာအတွင်း တစ်ပြိုင်နက်တည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အတွက် ရက္ခိုင့်တပ်တော်ထိန်းချုပ်ရာမြို့နယ်များအား လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက်မက ဆက်တိုက်ပြုလုပ်လာလျက်ရှိသည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။