Hi, what are you looking for?
စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ ဝင်ဝန်ကြီး ဦးဇာနည်အောင် ဟာ ထောင်ဒဏ်စေ့သွားလို့ ဒီနေ့ (အောက်တိုဘာလ ၂၃ ရက်)မှာ မန္တလေး အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ NLD ပါတီနဲ့နီးစပ်သူတွေဆီကသိရပါတယ်။
စစ်ကောင်စီက အထူးခုံရုံးလို့ နာမည်တပ်ထားတဲ့ တရားခွင်တွေမှာ ခုခံလျှောက်လဲတဲ့ဖက်က ရှေ့နေတွေဟာ ကိုယ်တိုင် အချိန်မရွေး ထောင်ကျသွားနိုင်တယ်ဆိုတဲ့ ဖိစီးမှုမျိုးနဲ့ အလုပ်လုပ်နေရလေ့ ရှိတယ်လို့ HRWက တွေ့ဆုံ မေးမြန်းခဲ့တဲ့ ရှေ့နေ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများကို နိုင်ငံအချို့မှ ပေးပို့သောအကူအညီများကို စနစ်တကျရောက်ရှိအောင်မစီမံနိုင်ဘဲ ၊ ကြားတွင်လာဘ်စားမှုများရှိနေကြောင်း ပြည်သူအချို့ကပြောသည်။ထို့အပြင် ကိုယ်တိုင်ထိရောက်စွာမကူညီသလို ပြည်တွင်းပြည်ပမှ အကူအညီပေးလိုသူ များကိုပါကန့်သတ်နေသည်ဟု ရခိုင်ဒေသခံပြည်သူများကပြောသည်။