Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းပြည်စစ်မြေပြင်သို့ စစ်ကောင်စီက အရပ်ဝတ်များဖြင့်အင်အားဖြည့်မည်ဟု အတွင်းသတင်း ရထားကြောင်း CNF ပြော

လတ်တလောတွင် ချင်းပြည်နယ် ဟားခါးမြို့၌ ထန်တလန်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုဆိုသည်။ ဇွန်လအတွင်း တိုက်ပွဲများ၌ နှစ်ဖက်ကျဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

(ချင်းပြည်နယ်ရှိ လမ်းပိုင်းတစ်ခုတွင်တွေ့ရသော ယာဥ်များ။ ဓာတ်ပုံ - The Chin Journal)
(ချင်းပြည်နယ်ရှိ လမ်းပိုင်းတစ်ခုတွင်တွေ့ရသော ယာဥ်များ။ ဓာတ်ပုံ - The Chin Journal)

▪️ထန်တလန်သို့ ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် တိုက်ပွဲဆက်ဖြစ်နိုင်ဟုဆို

ချင်းပြည်နယ် စစ်မြေပြင်သို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းရာတွင် အရပ်ဝတ်များ၊ အရပ်သားယာဉ်များသုံးကာ ဗျူဟာပြောင်းလုပ်ဆောင်မည်ဟု အတွင်းသတင်းရထားကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အများပြည်သူ ခရီးသွားယာဉ်များမှ စစ်ကောင်စီတပ်၏ အဖွဲ့ဝင်သို့မဟုတ် လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို တားမြစ်ကြောင်းနှင့် ချင်းပြည်သို့ ဒေသခံ ချင်းပြည်သူများမှအပ ပြင်ပမှခရီးသည်များ ဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ကြေညာချက်ကို CNFက ယနေ့ ထုတ်ပြန်သည်။

ယင်းသို့ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ ဆလိုင်းထက်နီက “အရင်က စစ်ကောင်စီက မြေပြင်တိုက်ပွဲတွေမှာ အင်အားအလုံးအရင်းနဲ့ တက်လာတယ်။အခုက အဲဒီလို မျိုးမဟုတ်ဘဲနဲ့ စစ်ဗျူဟာကို ပြောင်းလိုက်တယ်။ သူတို့စစ်ကူတွေကို လူအင်အား လက်နက်အင်အား ပို့ရင် မြေပြန့်ကနေ မှတ်ပုံတင်တွေလုပ်ပြီး အရပ်ဝတ်ပုံစံနဲ့ တက်လာတယ်လို့ ကျနော်တို့က အတွင်းသတင်းရရှိထားတာရှိပါတယ်။ ပြီးတော့ ကျနော်တို့ က တိုက်ပွဲမရှိတဲ့နေရာ ပြည်သူလူထုတွေ စားဝတ်နေရေး ခရီးသွားလာရေးလွယ်ကူအောင်ဆိုပြီးလမ်းကို ဖွင့်ပစ်တယ်။ အဲဒါကို စစ်ကောင်စီက အလွဲသုံးစားလုပ်ပြီး သူတို့ စစ်ရေးဆိုင်ရာ ကျနော်တို့ကို ချေမှုန်းနိုင်ဖို့ အဲဒီလို လုပ်နေတယ်လို့ သတင်းအခိုင်အမာရထားတာရှိတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် စစ်ကောင်စီတပ်၏ အင်အားတည်ဆောက်မှုကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ကာကွယ်နိုင်ရန် စစ်ရေးဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် ချင်းပြည်နယ် ဟားခါးမြို့၌ ထန်တလန်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟုဆိုသည်။ ဇွန်လအတွင်း တိုက်ပွဲများ၌ နှစ်ဖက်ကျဆုံးထိခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။

“တိုက်ပွဲကတော့ ဆက်လက်ပြီးတော့ စစ်ကောင်စီအနေနဲ့ ထန်တလန်အထိကို တိုးလာဖို့တော့ သူတို့က ဆက်လက်ပြီးတော့ စစ်ရေးက ထိုးနေတာပေါ့။ ဒါပေမဲ့ ရှေ့ဆက်ပြီးမတိုးနိုင်ဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

ထိုသို့ ထိုးစစ်ဆင်ရာ၌ လူအင်အားဖြည့်တင်းမှုများကို လေကြောင်းမှ လုပ်ဆောင်ပါက များစွာ မထိရောက်၍ အရပ်ယာဉ်များ သုံးပြီး အင်အားဖြည့်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ကျနော်တို့လည်း အခိုင်အမာပြင်ဆင်ထားတယ်။ သူတို့က တိုးလုပ်နေသရွေ့ စစ်ရေးက ဆက်ဖြစ်နေအုံးမယ့်အနေအထားပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါး – ထန်တလန်မြို့နယ်ကြားကို စစ်ကောင်စီတပ် မြေပြင်မှစစ်ကြောင်းထိုးပြီး လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရာ မေလ ၂၉ရက်မှ ဇွန်လပထမပတ်အတွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။