Connect with us

Hi, what are you looking for?

သတင်း

ရခိုင်တွင်မုန်တိုင်းသင့် ပြည်သူများအားကူညီမည့်ပြည်တွင်းပြည်ပအဖွဲ့များ၏ ခရီးသွားလာခွင့်ကို စစ်ကောင်စီ ပိတ်ပင်

စစ်​ကောင်စီက မုန်တိုင်းသင့်ပြည်သူများကို နိုင်ငံအချို့မှ ​ပေးပို့​သောအကူအညီများကို စနစ်တကျ​ရောက်ရှိ​အောင်မစီမံနိုင်ဘဲ ၊ ကြားတွင်လာဘ်စားမှုများရှိ​နေ​ကြောင်း ပြည်သူအချို့က​ပြောသည်။ထို့အပြင် ကိုယ်တိုင်ထိ​ရောက်စွာမကူညီသလို ပြည်တွင်းပြည်ပမှ အကူအညီ​ပေးလိုသူ များကိုပါကန့်သတ်​နေသည်ဟု ​ရခိုင်​ဒေသခံပြည်သူများက​ပြောသည်။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီးများနှင့် ခရီးသွားလာခွင့်ပိတ်ပင်​​သောစစ်​ကောင်စီ၏ ညွန်ကြားစာ။ ဓါတ်ပုံ-CJ၊Unicef)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီးများနှင့် ခရီးသွားလာခွင့်ပိတ်ပင်​​သောစစ်​ကောင်စီ၏ ညွန်ကြားစာ။ ဓါတ်ပုံ-CJ၊Unicef)

အာဏာသိမ်းစစ်ကောင်စီက မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ခရီးသွားလာခွင့်ကို ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ပိတ်ပင်လိုက်​သောကြောင့် အရေးပေါ် အကူအညီများလိုအပ်နေသည့် ပြည်သူများ အခက်အခဲ များ ပိုကြုံရမည်ဟု ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောကြားသည်။

ခရီးသွားလာခွင့် ရပ်ဆိုင်းထားရန် စစ်ကောင်စီ၏ရခိုင်ပြည်နယ်အစိုးရ၊ အဖွဲ့ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီက ယမန်နေ့ (ဇွန်လ ၇) နေ့စွဲပါ စာဖြင့်ခရီးသွားလာခွင့်ပြုထားခြင်းအား ရပ်ဆိုင်းထားရန် စစ်ကောင်စီ၏ လုံနယ်ဝန်ကြီးက လက်မှတ်ရေးထိုးညွန်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါစာကို စစ်ကောင်စီလက်အောက်ခံတပ်၊ ရဲ ၊နယ်ခြားစောင့်တပ်နှင့် အုပ်ချုပ်ရေးဌာနများသို့ မိတ္တူပေးပို့ထားသည်ကို​တွေ့ရသည်။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီးများနှင့် ခရီးသွားလာခွင့်ပိတ်ပင်​​သောစစ်​ကောင်စီ၏ ညွန်ကြားစာ။ ဓါတ်ပုံ-CJ၊Unicef)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီးများနှင့် ခရီးသွားလာခွင့်ပိတ်ပင်​​သောစစ်​ကောင်စီ၏ ညွန်ကြားစာ။ ဓါတ်ပုံ-CJ၊Unicef)

“စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်ထဲမှာ လေဘေးဒုက္ခသည်တွေကို ကူညီမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေရော သွားလာခွင့်တွေ ပိတ်ပင်လိုက်တယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်တွေတော့တွေ့ရတာပေါ့။ ဒီလို အရေးကြီးတဲ့ ကာလမျိုးမှာလူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ အပူတပြင်းလိုအပ်နေတဲ့ ကာလမျိုးမှာ ဒီလို ထုတ်ပြန်ပြီး ပိတ်လိုက်တယ်ဆိုတာကတော့ သိပ်ပြီးတော့ ရုပ်ဆိုးတယ်။ ဒါကမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်” ဟု ဦးဖေသန်းက ပြောသည်။

မြေပြင်တွင် လေဘေးဒုက္ခသည်များအနေဖြင့် အမိုးအကာအောက်ကို မရောက်နိုင်သူများရှိကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ပြီးတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေဆိုရင်လည်း အလုပ်မရှိတော့ နပ်မှန်စားဖို့တောင် အခက်အခဲ ဖြစ်နေရတဲ့အချိန် ပေါ့နော်။ ပြီးတော့ ကုန်စျေးနှုန်းတွေတအားတက်ပြီး ဒေသတစ်ခုလုံး မိုခါ မုန်တိုင်းဒဏ်ခံနေရတဲ့အချိန်မှာ သူများနိုင်ငံက ကူညီလာမယ့်ကိစ္စ၊ သူတပါးက ပေးချင်တဲ့ အကူအညီတွေကို ပိုပြီးတောင် တောင်းခံပြီးတော့ လုပ်ရအုံးမယ့်အခြေအနေမျိုးရှိတယ်။ ကြည်ကြည်ဖြူဖြူနဲ့လက်ခံပြီး ဒုက္ခသည်တွေဆီကို အမြန်ဆုံးရောက်အောင် ကြိုးစားပေးရမယ့် ကူညီပေးရမယ့် အခြေအနေမျိုးဖြစ်တယ်။ အဲဒီလိုအချိန်မှာ ဒီလို ထုတ်ပြန်လာတာကျနော်တို့အံ့ဩတယ်” ဟု ဦးဖေသန်းက ပြောသည်။

ယခုကဲ့သို့ ရခိုင်လူထုဒုက္ခဖြစ်စေရန်လုပ်ဆောင်ခြင်းကြောင့်ရက္ခိုင့်တပ်တော်(AA)နှင့် တင်းမာမှုများ ဖြစ်လာနိုင်သည်ဟုလည်း သုံးသပ်သည်။

AA နှင့် စစ်ကောင်စီတပ်တို့သည် လူသားချင်းစာနာမှုဆိုင်ရာအပစ်ရပ်စဲရေးကို ၂၀၂၂ နှစ်ကုန်ပိုင်းက လုပ်ဆောင်ထားသည်။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီးများနှင့် ခရီးသွားလာခွင့်ပိတ်ပင်​​သောစစ်​ကောင်စီ၏ ညွန်ကြားစာ။ ဓါတ်ပုံ-CJ၊Unicef)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီးများနှင့် ခရီးသွားလာခွင့်ပိတ်ပင်​​သောစစ်​ကောင်စီ၏ ညွန်ကြားစာ။ ဓါတ်ပုံ-CJ၊Unicef)

မုန်တိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရသည့် ပြည်သူများမှာ အရေးပေါ် အကူအညီများ အသည်းအသန် လိုအပ်နေပြီး အချိန်မှာအရမ်း တန်ဖိုးရှိ​နေပြီဖြစ်​ကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုသွား​ရောက်ခဲ့​သော UNDP ဌာနေကိုယ်စားလှယ် တီတန် မစ်ထရာက ဇွန်လဆန်းတွင်ပြောကြားသတိ​ပေးခဲ့သည်။

မုန်တိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရ​သော လူ့အဖွဲ့အစည်း တချို့သည် ပြည်တွင်း၌ အဆင်းရဲဆုံး စာရင်းဝင်များ ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည် ဖော်ရန် နှစ်ချီ၍ အချိန်ယူရနိုင်​ကြောင်း မစ်ထရာက ဝန်ခံခဲ့သည်။

“ ပြောရမယ်ဆိုရင် မုန်တိုင်းကြောင့် ရေငန်တွေပါ စိမ့်ဝင် လွှမ်းမိုးခဲ့တဲ့ ကုန်းတွင်း အကျယ်အဝန်းက စတုရန်း ကီလိုမီတာ ၁၂၀၀ လောက်ထိ ရှိခဲ့တဲ့နောက် ကျေးလက် ဧရိယာတွေက အသက်မွေးဝမ်းကြောင်း ဘဝတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရင်ပူစရာတွေ အများကြီး ရှိနေပါသေးတယ်။ အထူးသဖြင့် လယ်ယာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေ နာလန် ပြန်ထူဖို့ကအပြင်းအထန်ရုန်းကန်ရမယ့်သဘော ရှိနေပါတယ်။ဒါ့အပြင် စိုက်ပျိုးမြေတွေမှာ ရေငန် ဝင်ကုန်လို့ပဲဖြစ်ဖြစ်၊ သိုလှောင်ထားတဲ့ မျိုးစေ့တွေ ပျက်စီးကုန်လို့ပဲဖြစ်ဖြစ် လာမယ့် သီတင်းပတ်တွေအတွင်းမှာ စိုက်ပျိုးရာသီသစ် ပြန်မစနိုင်ခဲ့ဘူးဆိုရင် နောက်ထပ် လပိုင်းတွေအတွင်း စားနပ်ရိက္ခာ အကျပ်အတည်းတွေ အကြီးအကျယ် ဂယက်ရိုက်ခတ်လာနိုင်တယ်” ဟု မစ်ထရာက သတိပေးထားသည်။

စစ်​ကောင်စီက မုန်တိုင်းသင့်ပြည်သူများကို နိုင်ငံအချို့မှ ​ပေးပို့​သောအကူအညီများကို စနစ်တကျ​ရောက်ရှိ​အောင်မစီမံနိုင်ဘဲ ၊ ကြားတွင်လာဘ်စားမှုများရှိ​နေ​ကြောင်း ပြည်သူအချို့က​ပြောသည်။ထို့အပြင် ကိုယ်တိုင်ထိ​ရောက်စွာမကူညီသလို ပြည်တွင်းပြည်ပမှ အကူအညီ​ပေးလိုသူ များကိုပါကန့်သတ်​နေသည်ဟု ​ရခိုင်​ဒေသခံပြည်သူများက​ပြောသည်။

ပျက်စီးသွားသည့် နေအိမ်များပြန်ပြင်ရန် အိမ်ဆောက်ပစ္စည်းများဝယ်ယူရာတွင်လည်း ကန့်သတ်မှုများ ရှိနေသည်။ ရန်ကုန်အပါ အဝင်အခြားမြို့များကသယ်ယူမည့် အိမ်ဆောက်ပစ္စည်းများကို စစ်​ကောင်စီခန့်ထား​သောနယ်လုံ(လုံခြုံ​ရေးနဲ့နယ်စပ်​ရေးရာဝန်ကြီး)ခွင့်ပြုချက်ပါမှ တင်သွင်းရမည်ဟုဆိုသဖြင့် အခက်တွေ့နေရကြောင်း စစ်တွေမြို့ခံတစ်ဦးက​ပြောသည်။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီးများနှင့် ခရီးသွားလာခွင့်ပိတ်ပင်​​သောစစ်​ကောင်စီ၏ ညွန်ကြားစာ။ ဓါတ်ပုံ-CJ၊Unicef)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီး​နောက် အပျက်အစီးများနှင့် ခရီးသွားလာခွင့်ပိတ်ပင်​​သောစစ်​ကောင်စီ၏ ညွန်ကြားစာ။ ဓါတ်ပုံ-CJ၊Unicef)

“ကိုယ့်အိမ့်ကိုယ် ပြန်ပြင်ဖို့ အိမ်ခေါင်းမိုးသွပ်တင်ပို့ချင်တယ်ဆိုတာကို နယ်လုံလက်မှတ် လိုပါတယ်တဲ့” ဟု၎င်းက People’s Spring သို့​ပြောသည်။

ထို့အပြင် လုပ်ငန်းရှင်များကရခိုင်ပြည်နယ်အတွက် ကုန်ပစ္စည်းတင်သွင်းရာတွင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တချို့ကနယ်လုံခွင့်ပြုချက်လက်မှတ်တောင်းနေ​သောကြောင့်အချိန်မီ ကုန်ပစ္စည်းသယ်ယူနိုင်ခြင်းမရှိဟုလုပ်ငန်းရှင်များက​ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် အခွင့်အရေး တခုဖြစ်ခဲ့ကြောင်းအာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားလိုက်ပြီး အခွင့်အရေးကို အကျိုးရှိရှိ အသုံးချဖို့ စစ်အင်အား တောင့်တင်းအောင်လုပ်ဆောင်ဖို့ဒီက​နေ့တိုက်တွန်းလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်မှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး ကျေးရွာတွေမီးရှို့ကာ လက်ရှိ မြင်းခြံမြို့နယ်က ပြည်သူ ၈ဦးနဲ့ ရဲဘော် ၃ဦးကို သတ်ဖြတ်ထားတဲ့ စစ်တပ်ရဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းက ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေထွက် ပေါ်လာပါတယ်။