Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တစ်ပတ်အတွင်းမန္တလေးမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသားအလောင်း ၂ လောင်းတွေ့

အသတ်ခံရသူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို စုံစမ်းလို့မရပါဘူး ။ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ သတ်ဖြတ်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

မန္တလေးမြို့တွင်းကိုတွေ့ရစဉ် (ပုံဟောင်း)
မန္တလေးမြို့တွင်းကိုတွေ့ရစဉ် (ပုံဟောင်း)

မန္တလေးမြို့ပေါ် မြို့နယ်အချို့မှာ လက်ရှိ ဇွန်လ ပထမပတ်အတွင်း ဓားဒဏ်ရာတွေနဲ့ လမ်းပေါ်မှာသေဆုံးနေတဲ့ အမျိုးသား အလောင်း ၂ လောင်းတွေ့ ရှိ ခဲ့ရပါတယ်။

အလောင်းတွေကို ပုသိမ်ကြီးမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တွေအတွင်း တွေ့ခဲ့တာလို့ စုံစမ်းသိရပါတယ်။

ဇွန်လ ၄ ရက်က ပုသိမ်ကြီးမြို့နယ် ၊ဆည်တာရွာအနီး ဆည်တာ − မင်းလှ ရွာချင်းဆက်လမ်းမပေါ်မှာ အသက် ၅၀ အရွယ်အမျိုးသားကြီး ဓားဒဏ်ရာနဲ့လဲကျသေဆုံးခဲ့ရပါတယ်။

Public Service Announcement
Public Service Announcement

၃ ရက်အကြာ ဇွန်လ ၇ ရက်မှာလည်း မဟာအောင်မြေမြို့နယ် ၊ ကမ်းနားလမ်း ကုန်စိမ်းဈေး ရဲ့ အလယ်ပေါက်မှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အသက် ၃၀ အရွယ်လူလတ်ပိုင်းအမျိုးသား ကို ထပ်တွေ့ခဲ့ရတာပါ။

အသတ်ခံရသူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို စုံစမ်းလို့မရပါဘူး ။ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ သတ်ဖြတ်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

ဒီလိုသတ်ဖြတ်မှုတွေအနက် သွေးသောက်အမည်ခံ အဖွဲ့က NLD ပါတီဝန်းရံသူတွေ ၊ NLD ပါတီဝင်တွေနဲ့ စစ်တပ်ကိုဆန့်ကျင်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကိုလမ်းဘေးစွန့်ပစ်တဲ့လုပ်ရပ်တွေရှိခဲ့ပါတယ်။