Connect with us

Hi, what are you looking for?

သတင်း

တစ်ပတ်အတွင်းမန္တလေးမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသားအလောင်း ၂ လောင်းတွေ့

အသတ်ခံရသူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို စုံစမ်းလို့မရပါဘူး ။ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ သတ်ဖြတ်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

မန္တလေးမြို့တွင်းကိုတွေ့ရစဉ် (ပုံဟောင်း)
မန္တလေးမြို့တွင်းကိုတွေ့ရစဉ် (ပုံဟောင်း)

မန္တလေးမြို့ပေါ် မြို့နယ်အချို့မှာ လက်ရှိ ဇွန်လ ပထမပတ်အတွင်း ဓားဒဏ်ရာတွေနဲ့ လမ်းပေါ်မှာသေဆုံးနေတဲ့ အမျိုးသား အလောင်း ၂ လောင်းတွေ့ ရှိ ခဲ့ရပါတယ်။

အလောင်းတွေကို ပုသိမ်ကြီးမြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်တွေအတွင်း တွေ့ခဲ့တာလို့ စုံစမ်းသိရပါတယ်။

ဇွန်လ ၄ ရက်က ပုသိမ်ကြီးမြို့နယ် ၊ဆည်တာရွာအနီး ဆည်တာ − မင်းလှ ရွာချင်းဆက်လမ်းမပေါ်မှာ အသက် ၅၀ အရွယ်အမျိုးသားကြီး ဓားဒဏ်ရာနဲ့လဲကျသေဆုံးခဲ့ရပါတယ်။

Public Service Announcement
Public Service Announcement

၃ ရက်အကြာ ဇွန်လ ၇ ရက်မှာလည်း မဟာအောင်မြေမြို့နယ် ၊ ကမ်းနားလမ်း ကုန်စိမ်းဈေး ရဲ့ အလယ်ပေါက်မှာ ဓားဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ အသက် ၃၀ အရွယ်လူလတ်ပိုင်းအမျိုးသား ကို ထပ်တွေ့ခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

အသတ်ခံရသူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို စုံစမ်းလို့မရပါဘူး ။ စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ သတ်ဖြတ်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။

ဒီလိုသတ်ဖြတ်မှုတွေအနက် သွေးသောက်အမည်ခံ အဖွဲ့က NLD ပါတီဝန်းရံသူတွေ ၊ NLD ပါတီဝင်တွေနဲ့ စစ်တပ်ကိုဆန့်ကျင်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကိုလမ်းဘေးစွန့်ပစ်တဲ့လုပ်ရပ်တွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။