Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် မြင်းမူနယ်ရှိ ရဲစခန်းနှင့် ကင်းပုန်းများတိုက်ခိုက်ရာ စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးမှုရှိဟုဆို

ယမန်နေ့(ဇွန်လ ၈ ရက်) ညနေ ၄နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းခုနစ်စီးဖြင့် ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ပြီးခဲ့သည့်လပိုင်းအတွင်းက ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့စဥ်)
(ပြီးခဲ့သည့်လပိုင်းအတွင်းက ညောင်ပင်ဝန်းရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့စဥ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် မြင်းမူမြို့ရှိ ရဲစခန်းနှင့် ကင်းပုန်းများကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့(ဇွန်လ ၈ ရက်) ညနေ ၄နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေးလမ်းပေါ်ရှိ ညောင်ပင်ဝန်းရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းခုနစ်စီးဖြင့် ဗုံးသီး ၁၄ လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စခန်းမှူးအပါအဝင် စစ်အုပ်စုဝင် ခုနစ်ဦးသေဆုံးကြောင်း၊ ပြည်သူ့ရဲဘော်များမှာမူ အထိအခိုက်မရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့၏ ရဲဘော်တစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်း(၇) Zeroပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၁)နဂါးနီတပ်ရင်း၊ရွှေဘိုတပ်ရင်း (၁၅) ၊ ဆားတောင်မိုးကြိုး LPDF နှင့် အောင်သပြေညီနောင်LPDFအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း အသိပေးထားသည်။

ဇွန်လ ၇ ရက် နံနက် ၇နာရီခန့်ကလည်း မြင်းမူမြို့၊ မြို့မရဲစခန်းအနီးရှိ စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို လက်ပစ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ကြောင်း Moe Nyo Revolution Force-MNRF တပ်ဖွဲ့၏ ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။

တိုက်ခိုက်မှုတွင် ရဲများထိခိုက်မှုရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ကင်းပုန်းဝပ်နေတာ သတင်းရလို့ သွားခွဲတာပါ။ စခန်းနဲ့နီးနီးလေး။ ခုနစ်ကောင်လောက်ရှိတယ်။ ကျွန်တော်တို့မြို့ပေါ်လုပ်ငန်းလုပ်ဖို့ တက်လာတာကို သတင်းရသွားလို့နေမှာ ကင်းပုန်းဝပ်တာ။ နှစ်ဖက်အပြန်အလှန်ပစ်တယ်။ ၃ မိနစ်ကျော်တယ်။ ရဲဘော်တစ်ယောက်တော့ ထိသွားတယ်။”ဟု ကိုမိုးညိုက ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ယမန်နေ့က မြို့ပေါ်၌ ရမ်းသမ်းပစ်ခတ်မှုများရှိပြီး ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၃ရက်ကလည်း ညောင်ပင်ဝန်းရဲစခန်းကို ဒရုန်း ၅စီးဖြင့် ဗုံးသီး၉လုံးချ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။