Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရနေရသူ ထိုင်းအမျိုးသမီး ၁၄၀ လောက်ရှိနေ

ထိုင်းအမျိုးသမီးတွေဟာ ရှမ်းပြည်နယ်ထဲက တရုတ် စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ခကောင်းကောင်းနဲ့ အလုပ်ရရှိမယ်ဆိုတဲ့ မက်လုံးတွေနဲ့ သွေးဆောင် ခံနေရပြီး လက်တွေ့မှာတော့ ပြည့်တန်ဆာ လိင်လုပ်သားတွေအဖြစ် အဓမ္မ ခိုင်းစေ ခံနေရတာပါ။

ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရနေရသူ ထိုင်းအမျိုးသမီး ၁၄၀ လောက်ရှိနေ
ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရနေရသူ ထိုင်းအမျိုးသမီး ၁၄၀ လောက်ရှိနေ

ရှမ်းပြည်နယ်ထဲ ပိတ်မိနေပြီး ပြည့်တန်ဆာ လုပ်ငန်းအတွက် အတင်းအကျပ် ခိုင်းစေခံနေရတဲ့ ထိုင်းအမျိုးသမီး ၁၄၀ လောက်ကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြောင်း ထိုင်းအာဏာပိုင်တွေနဲ့ စေတနာ့ဝန်ထမ်း လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။

ရှမ်းပြည်နယ်ထဲကို လှည့်စားပြီး လူကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီး တချို့ဟာ ရရာနည်းလမ်းတွေနဲ့ ဆက်သွယ်ပြီး အကူအညီ တောင်းခံမှုတွေ ရှိနေတယ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေး ဖောင်ဒေးရှင်း တစ်ခုကို ထူထောင်ထားသူ ပါဗီနာ ဟွန်ဆာကူလ်ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။

သူတို့ ရရှိထားတဲ့ သတင်းတွေအရ ထိုင်းအမျိုးသမီးတွေဟာ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အတင်းအကျပ် မူးယစ်ဆေးဝါး သုံးစွဲစေတာမျိုးတွေလည်း ကြုံနေရတယ်လို့ သိရှိထားကြောင်း ပါဗီနာက ဆိုပါတယ်။

ထိုင်းကောင်စစ်ဝန်ရေးရာဌာန ညွှန်ကြားရေးမှူး ရူဂျ် သမ်မာမွန်ခွန်းက လောလောဆယ် ရှမ်းပြည်နယ်ထဲမှာ အရေးပေါ် အကူအညီတွေနဲ့ ကယ်ဆယ်မှုကို လိုအပ်နေတဲ့ ထိုင်းအမျိုးသမီး အရေအတွက်ဟာ ၁၄၀ လောက်ထိ များပြားနေကြောင်း မီဒီယာတွေဆီ မှတ်ချက် ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရေတို ဖြေရှင်းမှုအနေနဲ့ ထိုင်းဖက်က တာဝန်ရှိသူတွေဟာ မြန်မာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး အဲဒီ အမျိုးသမီးတွေကို နေရပ် ချောချောမောမော ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ရေရှည်အတွက် အလားတူ ပြဿနာတွေကို ဘယ်လို တားဆီးသွားမလဲ ဆိုတာကိုပါ ညှိနှိုင်းနေပါတယ်။

ထိုင်းအမျိုးသမီးတွေဟာ ရှမ်းပြည်နယ်ထဲက တရုတ် စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ခကောင်းကောင်းနဲ့ အလုပ်ရရှိမယ်ဆိုတဲ့ မက်လုံးတွေနဲ့ သွေးဆောင် ခံနေရပြီး လက်တွေ့မှာတော့ ပြည့်တန်ဆာ လိင်လုပ်သားတွေအဖြစ် အဓမ္မ ခိုင်းစေ ခံနေရတာပါ။

အသက် ၄၄ နှစ်အရွယ် ဝမ်ချိုင်းဆိုတဲ့ အမျိုးသား တစ်ဦးဆိုရင်လည်း သူ့ဇနီးက ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေ ခံနေရတာကြောင့် အာဏာပိုင်တွေဆီ ဆက်သွယ်ပြီး အကူအညီ တောင်းထားပါတယ်။ ဝမ်ချိုင်းရဲ့ ဇနီးဟာ အရင်က ဖျော်ဖြေရေး ပါတီပွဲတွေမှာ ကူညီလုပ်ကိုင်ပေးနေရာကနေ သူငယ်ချင်း တဦးရဲ့ အဆက်အသွယ်ကြောင့် ရှမ်းပြည်နယ်က တရုတ်ပိုင် စားသောက်ဆိုင် တခုမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်ဖို့ တခြား အမျိုးသမီး ၃ ယောက်နဲ့အတူ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ဖြစ်စဉ်တခုမှာ ဆိုရင်လည်း ထိုင်းအမျိုးသမီး တဦးက သူဟာ ပြည့်တန်ဆာ ဘဝမှာ တနေ့ကို ဖောက်သည် ၉ ဦးလောက်ထိ ဧည့်ခံနေရသလို နေ့တိုင်းလိုလို ရိုက်နှက်နှိပ်စက်မှုတွေ ခံနေရတာ ၈ လကျော်လောက် ရှိလာပြီလို့ ထိုင်းအာဏာပိုင်တွေဆီ ဆက်သွယ် အသိပေးထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ အလုပ်ရှင်က အဲဒီအမျိုးသမီးကို တခြား ဆောင်ကြာမြိုင် တခုဆီ လက်လွှဲရောင်းချဖို့ပါ ကြိုးစားတာမျိုးတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...

နိုင်ငံတကာ

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ