Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရနေရသူ ထိုင်းအမျိုးသမီး ၁၄၀ လောက်ရှိနေ

ထိုင်းအမျိုးသမီးတွေဟာ ရှမ်းပြည်နယ်ထဲက တရုတ် စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ခကောင်းကောင်းနဲ့ အလုပ်ရရှိမယ်ဆိုတဲ့ မက်လုံးတွေနဲ့ သွေးဆောင် ခံနေရပြီး လက်တွေ့မှာတော့ ပြည့်တန်ဆာ လိင်လုပ်သားတွေအဖြစ် အဓမ္မ ခိုင်းစေ ခံနေရတာပါ။

ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရနေရသူ ထိုင်းအမျိုးသမီး ၁၄၀ လောက်ရှိနေ
ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံရနေရသူ ထိုင်းအမျိုးသမီး ၁၄၀ လောက်ရှိနေ

ရှမ်းပြည်နယ်ထဲ ပိတ်မိနေပြီး ပြည့်တန်ဆာ လုပ်ငန်းအတွက် အတင်းအကျပ် ခိုင်းစေခံနေရတဲ့ ထိုင်းအမျိုးသမီး ၁၄၀ လောက်ကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြောင်း ထိုင်းအာဏာပိုင်တွေနဲ့ စေတနာ့ဝန်ထမ်း လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။

ရှမ်းပြည်နယ်ထဲကို လှည့်စားပြီး လူကုန်ကူးခံရတဲ့ ထိုင်းအမျိုးသမီး တချို့ဟာ ရရာနည်းလမ်းတွေနဲ့ ဆက်သွယ်ပြီး အကူအညီ တောင်းခံမှုတွေ ရှိနေတယ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ် စောင့်ရှောက်ရေး ဖောင်ဒေးရှင်း တစ်ခုကို ထူထောင်ထားသူ ပါဗီနာ ဟွန်ဆာကူလ်ဆိုတဲ့ အမျိုးသမီးက ပြောပါတယ်။

သူတို့ ရရှိထားတဲ့ သတင်းတွေအရ ထိုင်းအမျိုးသမီးတွေဟာ ဆန္ဒနဲ့ ဆန့်ကျင်ပြီး အတင်းအကျပ် မူးယစ်ဆေးဝါး သုံးစွဲစေတာမျိုးတွေလည်း ကြုံနေရတယ်လို့ သိရှိထားကြောင်း ပါဗီနာက ဆိုပါတယ်။

ထိုင်းကောင်စစ်ဝန်ရေးရာဌာန ညွှန်ကြားရေးမှူး ရူဂျ် သမ်မာမွန်ခွန်းက လောလောဆယ် ရှမ်းပြည်နယ်ထဲမှာ အရေးပေါ် အကူအညီတွေနဲ့ ကယ်ဆယ်မှုကို လိုအပ်နေတဲ့ ထိုင်းအမျိုးသမီး အရေအတွက်ဟာ ၁၄၀ လောက်ထိ များပြားနေကြောင်း မီဒီယာတွေဆီ မှတ်ချက် ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရေတို ဖြေရှင်းမှုအနေနဲ့ ထိုင်းဖက်က တာဝန်ရှိသူတွေဟာ မြန်မာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး အဲဒီ အမျိုးသမီးတွေကို နေရပ် ချောချောမောမော ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ ရေရှည်အတွက် အလားတူ ပြဿနာတွေကို ဘယ်လို တားဆီးသွားမလဲ ဆိုတာကိုပါ ညှိနှိုင်းနေပါတယ်။

ထိုင်းအမျိုးသမီးတွေဟာ ရှမ်းပြည်နယ်ထဲက တရုတ် စီးပွားရေး လုပ်ငန်းတွေမှာ လုပ်ခကောင်းကောင်းနဲ့ အလုပ်ရရှိမယ်ဆိုတဲ့ မက်လုံးတွေနဲ့ သွေးဆောင် ခံနေရပြီး လက်တွေ့မှာတော့ ပြည့်တန်ဆာ လိင်လုပ်သားတွေအဖြစ် အဓမ္မ ခိုင်းစေ ခံနေရတာပါ။

အသက် ၄၄ နှစ်အရွယ် ဝမ်ချိုင်းဆိုတဲ့ အမျိုးသား တစ်ဦးဆိုရင်လည်း သူ့ဇနီးက ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေ ခံနေရတာကြောင့် အာဏာပိုင်တွေဆီ ဆက်သွယ်ပြီး အကူအညီ တောင်းထားပါတယ်။ ဝမ်ချိုင်းရဲ့ ဇနီးဟာ အရင်က ဖျော်ဖြေရေး ပါတီပွဲတွေမှာ ကူညီလုပ်ကိုင်ပေးနေရာကနေ သူငယ်ချင်း တဦးရဲ့ အဆက်အသွယ်ကြောင့် ရှမ်းပြည်နယ်က တရုတ်ပိုင် စားသောက်ဆိုင် တခုမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်ဖို့ တခြား အမျိုးသမီး ၃ ယောက်နဲ့အတူ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ဖြစ်စဉ်တခုမှာ ဆိုရင်လည်း ထိုင်းအမျိုးသမီး တဦးက သူဟာ ပြည့်တန်ဆာ ဘဝမှာ တနေ့ကို ဖောက်သည် ၉ ဦးလောက်ထိ ဧည့်ခံနေရသလို နေ့တိုင်းလိုလို ရိုက်နှက်နှိပ်စက်မှုတွေ ခံနေရတာ ၈ လကျော်လောက် ရှိလာပြီလို့ ထိုင်းအာဏာပိုင်တွေဆီ ဆက်သွယ် အသိပေးထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ အလုပ်ရှင်က အဲဒီအမျိုးသမီးကို တခြား ဆောင်ကြာမြိုင် တခုဆီ လက်လွှဲရောင်းချဖို့ပါ ကြိုးစားတာမျိုးတွေ ရှိနေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။