Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်

ဇွန် ၇ ရက် ညနေ ၅ နာရီခန့်က ပုလောမြို့တွင်အထိုင်ချထားသော စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် မင်းထိန်ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ပုလောတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်
ပုလောတွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက People’s Spring သတင်းဌာနသို့ ပြောသည်။

ဇွန် ၇ ရက် ညနေ ၅ နာရီခန့်က ပုလောမြို့တွင်အထိုင်ချထားသော စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် မင်းထိန်ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မင်းထိန်ကျေးရွာမှ အသက်(၅၀)ဝန်းကျင် ဦးဖိုးချောင်းဆိုသူ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး အခြားပြည်သူရှစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လက် နက်ကြီးနဲ့ထုတာ။ မင်းထိန်ရွာထဲကျပြီး တစ်ဦးသေတယ်၊ ရှစ်ဦးဒဏ်ရာရတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ရမ်းသမ်းပစ်တာ”ဟု ပုလောမြို့နယ်မှ ဒေသခံတစ်ဦး က People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဇွန် ၁ ရက် နေ့လယ်ပိုင်းကလည်း စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်လေးလုံး မင်းထိန်ရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် (၅၀)ခန့်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ထိုသို့ သမီးဖြစ်သူ လက်နက်ကြီးထိမှန်ဒဏ်ရာရသည်ကို မြင်တွေ့ခဲ့ရသည့် အသက်(၉၀)ခန့်အရွယ် မိခင်ဖြစ်သူမှာ ရုတ်တရက်နှလုံးရပ်ကာ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။