Connect with us

Hi, what are you looking for?

သတင်း

၂၀၂၂ အတွင်း ယူကရိန်းနဲ့ မြန်မာမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အဆိုးဆုံး ကြုံတွေ့ခဲ့

လေ့လာသူတွေကတော့ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေး ဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ တက်တက်ကြွကြွ ပါဝင်လာခဲ့ချိန် ကတည်းက ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ကြုံလာနေရကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၂ အတွင်း ယူကရိန်းနဲ့ မြန်မာမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အဆိုးဆုံး ကြုံတွေ့ခဲ့
၂၀၂၂ အတွင်း ယူကရိန်းနဲ့ မြန်မာမှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အဆိုးဆုံး ကြုံတွေ့ခဲ့

ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်းနဲ့ မြန်မာနိုင်ငံတို့ဟာ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခံရမှု အဆိုးဆုံး နိုင်ငံတွေအဖြစ် ရပ်တည်ခဲ့ပါတယ်။

ရုရှားက ယူကရိန်း ပိုင်နက်ထဲက ကျန်းမာရေး အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တာ၊ အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံ အနှံ့မှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာတွေကြောင့် ၂၀၂၂ ခုနှစ်ဟာ ၁၀ နှစ်တာအတွင်း အဲဒီလို အခြေအနေတွေ စံချိန်တင် အဆိုးဆုံး ကြုံရတဲ့ ကာလတစ်ခု ဖြစ်လာခဲ့ပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်းနိုင်ငံ အနှံ့က ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဌာနတွေ၊ အဆောက်အအုံတွေကို အကြိမ်ပေါင်း ၇၅၀ လောက် တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့နဲ့ ဂျွန်ဟော့ပ်ကင်းစ် လူသားချင်း စာနာမှု ကျန်းမာရေးစင်တာတို့က ပူးပေါင်း သုတေသနပြုတဲ့ Safeguarding Health in Conflict Coalition အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ နိုင်ငံတခုက ဆယ်စုနှစ် တစ်ခုလောက် ကာလအတွင်း နိုင်ငံတစ်ခုတည်းက ကျူးလွန်တဲ့ စံချိန်တင် အရေအတွက် ဖြစ်ပါတယ်။

မနှစ်တုန်းက ကမ္ဘာတလွှားမှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၁၉၈၉ ခုထိ ရှိခဲ့ပြီး အဲဒီထဲက ထက်ဝက်ဟာ ယူကရိန်းနဲ့ မြန်မာတို့မှာ ဖြစ်ပွားခဲ့တာပါ။ နိုင်ငံတကာ ဥပဒေတွေအရ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဌာနတွေကို တိုက်ခိုက်တာ၊ ပစ်မှတ်ထားတာတွေဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။

Public Service Announcement

Public Service Announcement

ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံတွေ တိုက်ခိုက်ခံရမှုမှာ တချို့က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုဖြစ်ပြီး တချို့ကတော့ အရပ်သား ဧရိယာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ရာက ထိမှန် ပျက်စီးကုန်တာမျိုးလို့ သိရပါတယ်။ ယူကရိန်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကျန်းမာရေး ဝန်ထမ်းတွေ သတ်ဖြတ်ခံရတာ၊ ပြန်ပေးဆွဲခံရတာ အများဆုံး ဖြစ်ခဲ့ပြီး မြန်မာကတော့ ကျန်းမာရေး ဝန်ထမ်းတွေ တရားလက်မဲ့ ဖမ်းဆီးခံရနှုန်း အမြင့်ဆုံး မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။

လေ့လာသူတွေကတော့ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေး ဝန်ထမ်းတွေက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ တက်တက်ကြွကြွ ပါဝင်လာခဲ့ချိန် ကတည်းက ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ကြုံလာနေရကြောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကျန်းမာရေး အဆောက်အအုံတွေ တိုက်ခိုက်ခံရမှု အများဆုံး နိုင်ငံတွေ စာရင်းမှာ ဆူဒန်ပါ တိုးလာဦးမယ့် အလားအလာ ရှိနေပါတယ်။ ဆူဒန်မှာ အာဏာသိမ်း စစ်တပ်နဲ့ အင်အားကြီးမားတဲ့ အရန်တပ်တွေ အချင်းချင်း စစ်ခင်းတိုက်ခိုက်နေရာက ပြည်သူတွေ အများအပြား ကြားညပ်သေဆုံးကုန်သလို ကျန်းမာရေး စောင့်ရှောက်မှု ရင်းမြစ်တွေကိုပါ အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေစေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...