သတင်း “ညနေခင်းသတင်း” ဒီနေ့ (ဒီဇင်ဘာ ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း မဟာအောင်မြေမြို့နယ်တွင် အသစ်ဖွင့်ထားသည့် အုပ်ကြီးရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက် ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သံလျက်မော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏နောက်လိုက်တစ်ဦး အပြင်းအထန်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း အင်းတော်ရဲစခန်းမှ လက်နက်ကြီးရမ်းပစ်၍ လယ်လုပ်ငန်းခွင်မှ ကလေးငယ်များအပါအဝင် မိသားစုဝင်လေးဦး ဒဏ်ရာရ ဒီဇင်ဘာ ၃ရက် နေ့လယ် ၁နာရီခန့်တွင်အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း မိုးဗြဲမြို့လူနေရပ်ကွက်များကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများအသွား အလာဂရုပြုကြရန် PDF သတိပေး ကံတော်ရာတောင်ပေါ်၌ တပ်စွဲထားလျက်ရှိသောစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်တွင် အင်အားအများအပြားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း ကြာအင်းဆိပ်ကြီးထဲတွင် စစ်ကြောင်းထိုးလာသည့်စစ်တပ်ကျူးလွန်မှုများကို ဒေသခံများထုတ်ပြော ခလယ်ရွာကြီးအတွင်းတွင်လည်း စစ်ကောင်စီတပ်မှ ကားတစ်စီးဖြင့် လှည့်ပတ်နေပြီး စစ်ကောင်စီတပ်အတွက် ရိက္ခာများအား ကျေးရွာလူကြီးမှ ပေးပို့နေရကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များ၏ ထုတ်ပြန်ထားချက်အရ သိရသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း ရွှေဘိုမြို့နယ်တွင် ပျူသင်တန်းသားများလိုက်ပါလာသည့် ၁၂ဘီးယာဥ်ကို မိုင်းဆွဲတိုက်ခိုက် ၁၂ဘီးကားတစ်စီးမှာ ထိုနေရာ၌ ၅မိနစ်ခန့်ထိုးရပ်သွား၍ လူလဲကာဆက်လက်မောင်းနှင်သွားခဲ့ပြီး အထိအခိုက်အကျအဆုံးများနိုင်သည်ဟု အေဒီက ပြောသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း ဒီပဲယင်းတွင် မူးမြစ်ကူးတံတားကျိုး၍ စစ်ရှောင်ပြည်သူ လေးဦး ရေထဲမျောပါသွား ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည်ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို နယ်စပ်များ၌ စစ်ကြောင်း သုံးခုခွဲ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း ရေတာရှည်မြို့အဝင် စစ်ကောင်စီညကင်းကို မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားနှစ်ဦးသေဟုဆို ဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့(ရေတာရှည်)သည် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ခွဲတစ်ခုဖြစ်ပြီး တောင်ငူခရိုင် PDF နှင့် ပူးတွဲစစ်ဆင်ရေးများ ဆက်နွှဲလျှက်ရှိသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း တရုတ်သမ္မတဟောင်းကွယ်လွန်ခြင်းအပေါ် NUG ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 3, 2022
သတင်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို ကရင်နီတပ်များ စစ်ဆင်ရေးဆင်နွှဲပြီး နယ်မြေရှင်းလင်းရေးပြုလုပ် "နယ်မြေ ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တဲ့အတွက် ရဲဘော်အချို့ ထိခိုက်မှုနဲ့ ကျဆုံးမှုတော့ရှိခဲ့တယ်။စကစဘက်က ထိခိုက်သေဆုံးမှုကိုလည်း စစ်ရေးသတင်းထုတ်ပြန်တဲ့အခါမှာ အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်"ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ LuduNwayOoဒီဇင်ဘာ 3, 2022