မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၊ တိုင်းပို့ဆောင်ရေး ရုံးထဲ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ရာ ဒု ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ၅ ဦး ထိခိုက်သွားတယ်လို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။
ပေါက်ကွဲမှုဟာ ဒီနေ့မနက်ပိုင်း ၁၁ နာရီခန့်က ဖြစ်ပွားတာပါ။
ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းရိပ်သာရပ်ကွက် ၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြား ၊ ၈၄ လမ်းပေါ်မှာရှိတဲ့ တိုင်းပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးထဲကို လူငယ်တစ်ဦး ဗုံးပစ်ထည့်သွားတာလို့ စစ်ကောင်စီထုတ်ပြန်တဲ့သတင်းမှာ စွပ်စွဲထားတာတွေ့ရပါတယ်။

ဒေသခံတစ်ဦးပြောပြချက်အရ အဲဒီရုံးဘက်ကနေ ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် လူနာတင်ကားတွေအဝင်အထွက် ရှိနေတာကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်။
ဒဏ်ရာရသူ ၅ ဦးမှာ ဒုဦးစီးမှူး ၊အကြီးတန်း စာရေး ၃ ဦး နဲ့အငယ်တန်းစာရေး ၁ ဦးဖြစ်ပြီး မန္တလေး ဆေးရုံဆီပို့ဆောင်ထားပါတယ်။
အဲဒီ ၅ ဦးလုံး ဟာ ခြေထောက်အောက်ပိုင်းထိခိုက်ဒဏ်ရာတွေသာရခဲ့ပြီးမစိုးရိမ်ရဘူးလို့မန္တလေးဆေးရုံနဲ့ နီးစပ်သူတွေထံကသိရပါတယ်။
