Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်း ပို့ဆောင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီး ၅ ဦးထိခိုက်

ဒေသခံတစ်ဦးပြောပြချက်အရ အဲဒီရုံးဘက်ကနေ ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် လူနာတင်ကားတွေအဝင်အထွက် ရှိနေတာကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်။

မန္တလေးတိုင်း ပို့ဆောင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီး ၅ ဦးထိခိုက်
မန္တလေးတိုင်း ပို့ဆောင်ရေးရုံး ပေါက်ကွဲမှုဖြစ်ပြီး ၅ ဦးထိခိုက်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ် ၊ တိုင်းပို့ဆောင်ရေး ရုံးထဲ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ရာ ဒု ဦးစီးမှူးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ၅ ဦး ထိခိုက်သွားတယ်လို့ ဒေသခံအချို့ဆီကစုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုဟာ ဒီနေ့မနက်ပိုင်း ၁၁ နာရီခန့်က ဖြစ်ပွားတာပါ။

ချမ်းအေးသာစံမြို့နယ် ၊ အောင်နန်းရိပ်သာရပ်ကွက် ၊ ၃၄ လမ်းနဲ့ ၃၅ လမ်းကြား ၊ ၈၄ လမ်းပေါ်မှာရှိတဲ့ တိုင်းပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးထဲကို လူငယ်တစ်ဦး ဗုံးပစ်ထည့်သွားတာလို့ စစ်ကောင်စီထုတ်ပြန်တဲ့သတင်းမှာ စွပ်စွဲထားတာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ဒေသခံတစ်ဦးပြောပြချက်အရ အဲဒီရုံးဘက်ကနေ ပေါက်ကွဲသံကြီး ကြားလိုက်ရပြီးနောက် လူနာတင်ကားတွေအဝင်အထွက် ရှိနေတာကိုတွေ့ခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၅ ဦးမှာ ဒုဦးစီးမှူး ၊အကြီးတန်း စာရေး ၃ ဦး နဲ့အငယ်တန်းစာရေး ၁ ဦးဖြစ်ပြီး မန္တလေး ဆေးရုံဆီပို့ဆောင်ထားပါတယ်။

အဲဒီ ၅ ဦးလုံး ဟာ ခြေထောက်အောက်ပိုင်းထိခိုက်ဒဏ်ရာတွေသာရခဲ့ပြီးမစိုးရိမ်ရဘူးလို့မန္တလေးဆေးရုံနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Facebook