Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါငံခါးတိုက်ပွဲ စစ်ကောင်စီတပ်သားသုံးဦးခန့်သေဟု ဒီးမော့ဆိုPDF ပြော

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာလေးခုဖွင့်ကာ စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသည်။

(ယနေ့ဖြစ်ပွားသော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း တွေ့ရသော DMO local PDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - DMO local PDF)
(ယနေ့ဖြစ်ပွားသော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း တွေ့ရသော DMO local PDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - DMO local PDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဘက် ဒေါငံခါးကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦးခန့်သေဆုံးနိုင်ကြောင်း အဆိုပါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO local PDF)က ယနေ့ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၀ရက်) နံနက် ၆နာရီကစ၍ နေ့လည် ၁နာရီခန့်အထိ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် ကျေးရွာအတွင်းရှိ ဒေသခံများ၏‌နေအိမ်တွင် ခြေကုတ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဟု အသိပေးသည်။

ထို့ကြောင့် DMO Local PDFနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ခုခံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

(ယနေ့ဖြစ်ပွားသော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း တွေ့ရသော DMO local PDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - DMO local PDF)
(ယနေ့ဖြစ်ပွားသော ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း တွေ့ရသော DMO local PDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – DMO local PDF)

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးကို အဆမတန်ပစ်ခတ်ပြီး DMO local PDF ရဲဘော်လေးဦးခန့် မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သား သုံးဦး‌ခန့်သေဆုံးနိုင်ပြီး ဒဏ်ရာလည်းအများအပြားရရှိကြောင်း ဖော်ပြသည်။

“အခုညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ စကစဘက်က ပစ်နေတုန်းပဲ။အဓိကတော့ သူတို့ဘက်ကအထိနာလို့ ဆက်တိုက်မနားတမ်းပစ်နေတာ”ဟု DMO Local PDF တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် တိုက်ပွဲများအချိန်မရွေး ဆက်လက်ဖြစ်ပွားနိုင်ပြီး ဒေသခံပြည်သူလူထုများ သတိရှိရှိ နေထိုင်ရန်လည်း DMO Local PDFက တိုက်တွန်းသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား)ပြည်နယ်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာလေးခုဖွင့်ကာ စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။