Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်တပ်ကတိုက်ခိုက်ခံရပြီး​နောက် ​ဒေသခံပြည်သူ့အိမ် များကိုဘူဒိုဇာဖြင့်ထိုး၍ဖျက်ဆီး

မျောက်ကုန်းနေရာမှအိမ်များကိုမတ်လ ၁၉ရက် ညနေ ၅ နာရီခန့်မှစတင်၍ စစ်ကောင်စီတပ် အင်အား၁၀၀ ခန့်က ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

(စစ်တပ်အတိုက်ခံခဲ့ရ​သော​နေရာ အနီးဝန်းကျင်)
(စစ်တပ်အတိုက်ခံခဲ့ရ​သော​နေရာ အနီးဝန်းကျင်)

ဖားကန့်တွင် မတ်လ၁၈ ရက်တွင် စစ်တပ်တိုက်ခိုက်ခံခဲ့ရသည့် လုံးခင်း‌ကျေးရွာ မျောက်ကုန်းနေရာမှ အိမ်များကို စစ်ကောင်စီတပ်က ဘူဒူဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ကြောင်း ဖားကန့်မြို့ခံများကပြောသည်။

မျောက်ကုန်းနေရာမှအိမ်များကိုမတ်လ ၁၉ရက် ညနေ ၅ နာရီခန့်မှစတင်၍ စစ်ကောင်စီတပ် အင်အား၁၀၀ ခန့်က ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“လူတွေကို ထွက်ခိုင်းတယ်။အကုန်ဖြိုချတာ။ အိမ် ၅၀လောက် ဖြိုပြီးနေပြီ။ တိုက်အိမ်တွေလည်းပါတယ်။ ဘယ်သူမှမကပ်ရဲကြဘူး”ဟု ‌မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

မတ်လ ၁၈ရက် ညနေ ၆နာရီခန့်က ဖားကန့်မြို့သို့အဝင် လုံးခင်း‌ကျေးရွာ မျောက်ကုန်းနေရာတွင် ကားပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လမ်းမှဖြတ်၍ တိုက်ခိုက်ခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးကျည်ထိ၍ပြည်သူ၇ ဦးဒဏ်ရာရရှိခဲ့ပြီး ထိုထဲမှခြောက်ဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“သူများဘဝ‌‌တွေ ပျက်သလို အသေဆိုးနဲ့ ပြန်သေကြပါစေ။ စစ်ခေါင်းဆောင်ကစပြီး သူတို့ တဖွဲ့လုံး မီးလိုပူပါစေ” ဟု ဖားကန့် မြို့ခံတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် KIA နှင့် စစ်တပ် တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။