Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင် စစ်တပ်ကတိုက်ခိုက်ခံရပြီး​နောက် ​ဒေသခံပြည်သူ့အိမ် များကိုဘူဒိုဇာဖြင့်ထိုး၍ဖျက်ဆီး

မျောက်ကုန်းနေရာမှအိမ်များကိုမတ်လ ၁၉ရက် ညနေ ၅ နာရီခန့်မှစတင်၍ စစ်ကောင်စီတပ် အင်အား၁၀၀ ခန့်က ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

(စစ်တပ်အတိုက်ခံခဲ့ရ​သော​နေရာ အနီးဝန်းကျင်)
(စစ်တပ်အတိုက်ခံခဲ့ရ​သော​နေရာ အနီးဝန်းကျင်)

ဖားကန့်တွင် မတ်လ၁၈ ရက်တွင် စစ်တပ်တိုက်ခိုက်ခံခဲ့ရသည့် လုံးခင်း‌ကျေးရွာ မျောက်ကုန်းနေရာမှ အိမ်များကို စစ်ကောင်စီတပ်က ဘူဒူဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့ကြောင်း ဖားကန့်မြို့ခံများကပြောသည်။

မျောက်ကုန်းနေရာမှအိမ်များကိုမတ်လ ၁၉ရက် ညနေ ၅ နာရီခန့်မှစတင်၍ စစ်ကောင်စီတပ် အင်အား၁၀၀ ခန့်က ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“လူတွေကို ထွက်ခိုင်းတယ်။အကုန်ဖြိုချတာ။ အိမ် ၅၀လောက် ဖြိုပြီးနေပြီ။ တိုက်အိမ်တွေလည်းပါတယ်။ ဘယ်သူမှမကပ်ရဲကြဘူး”ဟု ‌မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

မတ်လ ၁၈ရက် ညနေ ၆နာရီခန့်က ဖားကန့်မြို့သို့အဝင် လုံးခင်း‌ကျေးရွာ မျောက်ကုန်းနေရာတွင် ကားပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လမ်းမှဖြတ်၍ တိုက်ခိုက်ခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကပစ်သည့် လက်နက်ကြီးကျည်ထိ၍ပြည်သူ၇ ဦးဒဏ်ရာရရှိခဲ့ပြီး ထိုထဲမှခြောက်ဦးသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“သူများဘဝ‌‌တွေ ပျက်သလို အသေဆိုးနဲ့ ပြန်သေကြပါစေ။ စစ်ခေါင်းဆောင်ကစပြီး သူတို့ တဖွဲ့လုံး မီးလိုပူပါစေ” ဟု ဖားကန့် မြို့ခံတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် KIA နှင့် စစ်တပ် တိုက်ပွဲများမကြာခဏဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။