Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်နယ်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ခိုက်

စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာကို ယမန်နေ့က ပြန်ဝင်လာခဲ့ပြီး ဘုန်းကြီးကျောင်းကို အဝင်၊အထွက်ပိတ်ဆို့ကာ ထမင်းဝင်စားသွားကြောင်း၊ စစ်ကြောင်းတွင် အရပ်သား နှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းထားပြီး နောက်တစ်ဦး ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

(အင်းတော်မြို့ ဘောလုံးကွင်းအတွင်း နေရာယူထားသော စစ်ကောင်စီတပ်သားများအား ယနေ့ တွေ့ရစဥ်။ ဓာတ်ပုံ - Indaw Revolution-IR)
(အင်းတော်မြို့ ဘောလုံးကွင်းအတွင်း နေရာယူထားသော စစ်ကောင်စီတပ်သားများအား ယနေ့ တွေ့ရစဥ်။ ဓာတ်ပုံ - Indaw Revolution-IR)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာအနောက်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ယနေ့(မတ်လ ၂၀ရက်) နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်ခဲ့သည်။

မနက် ၇နာရီကတည်းက ဆော်နေကြတာ။ တိုက်ပွဲတော်တော်လေး ပြင်းထန်ပါတယ်။ ကျွန်တော်တို့ မြင်နေရတယ်။ ခစ(စစ်ကောင်စီ)စစ်ကြောင်း အထိနာတာသေချာတယ်။ ဒီဘက် (ပြည်သူ့ကာကွယ်ရေးရဲဘော်များ)က ပြောက်ကျားစနစ်နဲ့တိုက်တာ”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ထို့နောက် နံနက် ၈နာရီခန့်တွင် ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်သက်နေကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်နယ်ကို မတ်လဆန်းကစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း နည်းမျိုးစုံဖြင့်တိုက်ခိုက်နေသည်။

Public Service Announcement

Public Service Announcement

မတ်လ ၉ရက်က ထီးချိုင့်မြို့ ကျောက်မှော်ကျေးရွာ အနောက်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုတွင် ကားနှင့်ဆိုင်ကယ်အချို့ ဆုံးရှုံးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အချိန်မီတိမ်းရှောင်နိုင်ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို သိမ်းယူပြီးနောက် အိမ်ခြေ ၆၀၀ ခန့်ရှိသော ကျောက်‌မှော်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။

စစ်ကောင်စီတပ်သည် ကျောက်မှော်ရွာကို ယမန်နေ့က ပြန်ဝင်လာခဲ့ပြီး ဘုန်းကြီးကျောင်းကို အဝင်၊အထွက်ပိတ်ဆို့ကာ ထမင်းဝင်စားသွားကြောင်း၊ စစ်ကြောင်းတွင် အရပ်သား နှစ်ဦးကို လူသားဒိုင်းအနေဖြင့် ဖမ်းထားပြီး နောက်တစ်ဦး ထပ်မံဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

နောက်ဆုံးရရှိထားသော သတင်းအရ ကသာမြို့နယ်ဘက်မှ စစ်ကောင်စီတပ် ယာဥ်ငါးစီးသည် ယနေ့နံနက်တွင် ထီးချိုင့်မြို့နယ်ဘက်သို့ ဆင်းလာ၍ ကသာ – ထီးချိုင့်လမ်းဘေးကျေးရွာများ သတိပြုနေထိုင်ကြရန် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ပို့ရဲဘော်ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။