သတင်း စစ်အုပ်စုကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများကို အမြန်ဆုံးရပ်တန့်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို NUG တောင်းဆို ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဟု NUG က မှတ်ယူကြောင်း ဖော်ပြသည်။ LuduNwayOoဩဂုတ် 3, 2022
သတင်း ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းမဟုတ်ဟု PTTEP ငြင်းဆို အဆိုပါဖြစ်စဉ်ကို ကြိုတင်ဆန်းစစ်ချက်အရ ဗုံးပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ပေါက်ကွဲခြင်းမဟုတ်ကြောင်း ထိုင်းကုမ္ပဏီက ဗုံးပေါက်ကွဲသည်ဆိုသောသတင်းများအပေါ်ငြင်းဆိုသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း မြင်းမူနယ် လက်ပန်ကျင်းရွာ၌ ဖမ်းဆီးခံထားရသော ကလေးနှင့်ပြည်သူများ လွတ်မြောက် ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း KNU တပ်မဟာ(၅)နယ်မြေမှာ ဇူလိုင်အတွင်း တိုက်ပွဲ ၁၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ်မှ ၈၈ဦးသေဟု ထုတ်ပြန် စစ်ကောင်စီတပ်မှ သေဆုံးခဲ့သူများအနက် ဗိုလ်တစ်ဦး ပါဝင်ကြောင်း၊ဒဏ်ရာရသူများတွင် တပ်ရင်းမှူး တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း ကလေးတောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ၁၀ဦးသေဆုံးဟု PDF(ကလေး)ထုတ်ပြန် စစ်ကောင်စီတပ်သည် မွန်းလွှဲ ၂နာရီခန့်က သာယာကုန်းရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို ပစ်သတ်ခဲ့ကြောင်္လည်း PDF(ကလေး)ကထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း မြန်မာစစ်သံမှူးကို ချက်ချင်းနှင်ထုတ်၍ မြန်မာ့အရေး ICC သို့ လွှဲပြောင်းရေး ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးကို အရပ်ဘက်အဖွဲ့ ၃၀ တောင်းဆို တိကျပြတ်သားသော ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သံမှူး ဗိုလ်ကြီးစိုးအောင်ကို ဗြိတိန်မှ ချက်ချင်းနှင်ထုတ်ရန်လိုအပ်ပြီး အရေးယူဆောင်ရွက်မှု ၅ ရပ်ကိုလည်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း တောင်သာမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ၊ လက်လုပ် သေနတ်တစ်လက် သိမ်းဆည်းရမိဟုဆို ပြီးခဲ့သည့် ဇူလိုင်၃၀ ရက်ကလည်း တောင်သာမြို့နေ စစ်ကောင်စီသတင်းပေး ပေါက်စီဆိုသူအား PDF(တောင်သာ)အဖွဲ့က ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ ဘယ်ဘက်လက်ပြင် သေနတ်တစ်ချက်ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ သေးသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း မြဝတီ – ဝေါ်လေလမ်းတဝိုက်တွင် နှစ်ရက်ဆက်တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ် အကျအဆုံးများစွာရှိဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန် ယမန်နေ့ (ဩဂုတ်၁)ကလည်း တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အကျအဆုံး များစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကောင်စီတပ်များ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတိအကျ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း မလေးရှားတွင် မြန်မာကလေးငယ်သုံးဦးနှင့် ဖခင်ဖြစ်သူ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာအဆုံးစီရင်၍ သုံးဦးသေ၊ ကလေးတစ်ဦး ဒဏ်ရာရ ယောက်ျားလေးတစ်ဦးနှင့် (၈) နှစ်အရွယ် မိန်းကလေးတို့သည် ကုလသမဂ္ဂဒုက္ခသည်ကတ် (UNHCR Card)ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း ရွှေနံ့သာရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလင်မယား ကိုအမည်မသိအဖွဲ့ကပစ်ခတ်ရှင်းလင်း ဒေသခံများ၏ ပြောဆိုမှုအရ အုပ်ချုပ်ရေးမှူးဝင်နိုင်ထွန်းသည် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သူများအား ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး ဒေသခံပြည်သူများအပေါ်တွင်နိုင်ထက်စီးနင်းပြုမှုတတ်သူဖြစ်ကြောင်း သိရသည်။ LuduNwayOoဩဂုတ် 2, 2022