Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများကို အမြန်ဆုံးရပ်တန့်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို NUG တောင်းဆို

ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဟု NUG က မှတ်ယူကြောင်း ဖော်ပြသည်။

စစ်အုပ်စုကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများကို အမြန်ဆုံးရပ်တန့်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို NUG တောင်းဆို
စစ်အုပ်စုကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများကို အမြန်ဆုံးရပ်တန့်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို NUG တောင်းဆို

အကြမ်းဖက်စစ်အုပ်စုကျူးလွန်နေသည့် နိုင်ငံတကာရာဇဝတ်မှုများကို အမြန်ဆုံးရပ်တန့်ရန်နှင့် တရားမျှတမှုဖော်ဆောင်နိုင်ရေး အရေးတကြီးပံ့ပိုးဆောင်ရွက်ပေးရန် NUG က ကုလသမဂ္ဂနှင့် နိုင်ငံတကာသို့ တောင်းဆိုသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ပံကျင်းကျေးရွာမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ရွာသူရွာသား ၁၀၀ ခန့်ကို စစ်အုပ်စုက ဓားစာခံဖမ်းဆီးထားမှုပတ်သက်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြတောင်းဆိုခြင်းဖြစ်သည်။

ဩဂုတ် ၁ ရက်တွင် အကြမ်းဖက်စစ်အုပ်စုက အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် လက်ပံကျင်းကျေးရွာစာသင်ကျောင်းကို လေကြောင်းနှင့် မြေ ပြင် တိုက်ခိုက်မှုများဖြင့် ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီး ရွာသူရွာသား ၁၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။

ယနေ့(ဩဂုတ် ၂ ရက်)တွင် ကလေးနှင့် ပြည်သူများကို အကြမ်းဖက်စစ်တပ်က ပြန်လွှတ်ပေးခဲ့ သော်လည်း အနည်းဆုံး ၁၀ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းရင်းမြစ်များက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်သည် လွတ်လပ်စွာပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများ၏ ပညာသင်ခွင့်ကို နှောက်ယှက်ဖျက်ဆီးခြင်းဖြစ်သည့်အတွက် NUG လူ့ အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြင်း ထန်စွာရှုတ်ချကြောင်းနှင့် အပြစ်မဲ့အရပ်သားများ၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်လုပ် ဆောင်မှုများကို ထပ်မံကျူးလွန်လာနိုင်သဖြင့် အထူးစိုးရိမ်ကြောင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဟု NUG က မှတ်ယူကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံသည့် အပြုအမှုမှန်သမျှကို မလုပ်ဆောင်ရန် NUG က နိုင်ငံတကာကို အလေးအနက်တောင်းဆိုသည်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန တို့သည် အခြားသောဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ စစ်အုပ်စု၏ ယခုကဲ့သို့ ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ပြီး တရားမျှတမှုရှာဖွေရေးနည်းလမ်း အမျိုးမျိုး ဖြင့် အရေးယူနိုင်ရေး တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ