Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေမှာ ဇူလိုင်အတွင်း တိုက်ပွဲ ၁၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ်မှ ၈၈ဦးသေဟု ထုတ်ပြန်

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သူများအနက် ဗိုလ်တစ်ဦး ပါဝင်ကြောင်း၊ဒဏ်ရာရသူများတွင် တပ်ရင်းမှူး တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

KNU
KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း ဇူလိုင်လက တိုက်ပွဲ ၁၁၀ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ဦး သေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်း ထုတ်ပြန်သည်။

ဇူလိုင် ၁ရက်မှ ဇူလိုင် ၃၁ရက်အထိ တစ်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်ပါးစေ နယ်ခြားစောင့်တပ်(BGF) တို့ အကြား တိုက်ပွဲဖြစ်စဉ် များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၈၈ဉီးသေဆုံးပြီး ၅၇ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သူများအနက် ဗိုလ်တစ်ဦး ပါဝင်ကြောင်း၊ဒဏ်ရာရသူများတွင် တပ်ရင်းမှူး တစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးမြင်းလား (၈)ကောင်သေဆုံးကာ (၅)ကောင်ဒဏ်ထိခိုက်အနာတရ ရရှိသွားကြောင်း၊ စစ်ကောင်စီ၏ စစ်လက်နက်နှင့်ကျည်ဆံများ သယ်ဆောင်သည့် စစ်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဇူလိုင် တိုက်ပွဲများ၌ KNU ဘက်က စစ်သည် ၉ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးသူမရှိဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားတိုင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ အမြောက်လက်နက် ကြီးများ အများအပြားအသုံးပြုကာ အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာနှင့် လုပ်ငန်းခွင်များ အတွင်း အကြောင်းမဲ့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။