Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနယ် လက်ပန်ကျင်းရွာ၌ ဖမ်းဆီးခံထားရသော ကလေးနှင့်ပြည်သူများ လွတ်မြောက်

ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

လက်ပန်ကျင်းရွာအား ပစ်ခတ်ခဲ့သည့် ရဟတ်ယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ
လက်ပန်ကျင်းရွာအား ပစ်ခတ်ခဲ့သည့် ရဟတ်ယာဥ်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ

အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ‌ဒေသခံ ၁၀ဦး ထက်မနည်း သေဆုံး

မြင်းမူမြို့နယ် လက်ပန်ကျင်းကျေးရွာရှိ ဖမ်းဆီးခံထားရသော ကလေးများနှင့် ဒေသခံပြည်သူများ လွတ်မြောက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၁၀ဦးထက်မနည်းကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ် လက်ပံကျင်းရွာကို ယမန်နေ့ (သြဂုတ်၁ရက်) နံနက်၁၁နာရီခွဲဝန်းကျင်က Mi- 35 တစ်စီ၊ ရိုးရိုး သုံးစီးနှင့် ၁နာရီကျော်ကြာအောင်ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ပြီး KG တန်းကလေးငယ် ၆၀ ​ကျော်နှင့် ပြည်သူ ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယနေ့ညနေပိုင်းတွင်မူ ကလေးနှင့်ပြည်သူများအား အကြမ်းဖက်စစ်တပ်က ပြန်လွှတ်ပေး လိုက်ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“မြင်းမူ ကာကွယ်ရေးအဖွဲ့များရဲ့ ကြိုးစားမှုကြောင့် ကလေးလေးတွေနဲ့ ပြည်သူများ လွတ်မြောက်သွားပါပြီ။ ဒါပေမယ့် ပေးဆပ်လိုက်ရတာတွေလည်း အတော်များပြီး စိတ်မကောင်း စရာတွေပါ။ ၂ရက်ပေါင်း ပြည်သူချည်း ၁၀ဦးအသတ်ခံထားရပြီး ပိုများနိုင်ပါတယ်။”ဟု ကိုနွေဦး-မြောင်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

​ယမန်နေ့က လေယာဥ်ဖြင့်ပစ်ခတ်ရာမှ ကွမ်းခြံတွင်း ပြည်သူတစ်ဦးနှင့် အခြားအမျိုးသမီးတစ်ဦး၊ ထွန်စက်မောင်းနေသူ ပြည်သူတစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် အမျိုးသားတစ်ဦးလည်း စာသင်ကျောင်းအနောက်ဘက်၌ လက်ပြန်ကြိုးတုတ်ကာ ပစ်သတ်ခံရသည်။

ယနေ့(သြဂုတ်၂ရက်)တွင်လည်း ကျေးရွာအတွင်း၌ ဒေသခံ ခြောက်ဦး ထက်မနည်း သတ်ဖြတ်ခံထားရပြီး နေရာအစုံမရှာရသေး၍ အရေအတွက် တိုးလာနိုင်ကြောင်း ကိုနွေဦး-မြောင်က ပြောသည်။

လေယာဥ်ဖြင့်ပစ်ခတ်ခဲ့၍ ကျေးရွာဓမ္မာရုံပျက်စီးခဲ့ပြီး Black Eagle စခန်းနှင့် အခြားစခန်းတစ်ခုအား မီးရှို့သွားခဲ့သည်ဟု ဆိုသည်။

ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် လက်ပံကျင်းရွာ အနောက်ဘက် သို့ ရောက်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။