Connect with us

Hi, what are you looking for?

သတင်း

မလေးရှားတွင် မြန်မာကလေးငယ်သုံးဦးနှင့် ဖခင်ဖြစ်သူ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာအဆုံးစီရင်၍ သုံးဦး​သေ၊ က​လေးတစ်ဦး ဒဏ်ရာရ

ယောက်ျားလေးတစ်ဦးနှင့် (၈) နှစ်အရွယ် မိန်းကလေးတို့သည် ကုလသမဂ္ဂဒုက္ခသည်ကတ် (UNHCR Card)ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ - Metro
ဓာတ်ပုံ - Metro

ကလေးငယ်နှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား သုံးဦးသည် ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြောက်ပိုင်း Kepong ၌ အဝေးပြေးလမ်းမပေါ်မှ ခုန်ချကာ အဆုံးစီရင်ခဲ့သည်။

ဖြစ်စဉ်မှာ ယောက်ျားလေးနှစ်ဦးနှင့် (၈) နှစ်အရွယ်မိန်းကလေးတစ်ဦးတို့ကို ဖခင်ဖြစ်သူဟု ယုံကြည်ရသော အမျိုးသားတစ်ဦးက MRR2 အဝေးပြေး လမ်းမပေါ်မှ တွန်းချပြီးနောက် ၎င်းကိုယ်တိုင်လည်း ခုန်ချကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

“အဝေးပြေးလမ်းမကနေ မြေပြင်အထိ အမြင့်က မီတာ ၂၀ လောက်ရှိတယ်” ဟု အသက် (၃၆) နှစ် အရွယ် မျက်မြင်သက်သေက ဆိုသည်။

အထက်ပါလေးဦးအနက် ၃ ဦးမှာ အခင်းဖြစ်ပွားရာ၌ သေဆုံးခဲ့ပြီး ကလေးငယ် ယောက်ျားလေး တစ်ဦးမှာ အသက်ရှင်ကာ Selayang ဆေးရုံရှိ ICU ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယောက်ျားလေးတစ်ဦးနှင့် (၈) နှစ်အရွယ် မိန်းကလေးတို့သည် ကုလသမဂ္ဂဒုက္ခသည်ကတ် (UNHCR Card)ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က လူသတ်မှုအဖြစ် သတ်မှတ်ကာ ဆက်လက်စုံစမ်းဖော် ထုတ်နေသည်။

ကိုးကား – The Star

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်၊စားကျက်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာမို့ အသက်၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ရှိမ်းမကားကျေးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီတပ်က ခရိုင်ချင်းဆက်လမ်းပေါ်ထွက်ပြီး ပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တာ​ကြောင့် ပြည်သူ ၂ နှစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ၁၀ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ် အညာကတင်းကျေးရွာကို စစ်ကောင်စီက ယနေ့ မေလ ၁ရက် နံနက် ၁၀နာရီခွဲတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၆နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအတင် အမျိုးသမီး ၄ဦး သေဆုံးခဲ့ရသည်။

သတင်း

လုံခြုံ​ရေးစိုးရိမ်​နေတဲ့အာဏာသိမ်း​ခေါင်း​ဆောင်ဟာ​တွေ့ဆုံပွဲပြီး အမြန်ပြန်ဖွယ်ရှိ

Facebook