Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းမဟုတ်ဟု PTTEP ငြင်းဆို

အဆိုပါဖြစ်စဉ်ကို ကြိုတင်ဆန်းစစ်ချက်အရ ဗုံးပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ပေါက်ကွဲခြင်းမဟုတ်ကြောင်း ထိုင်းကုမ္ပဏီက ဗုံး​ပေါက်ကွဲသည်ဆို​သောသတင်းများအ​ပေါ်ငြင်းဆိုသည်။

ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းမဟုတ်ဟု PTTEP ငြင်းဆို
ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းမဟုတ်ဟု PTTEP ငြင်းဆို

ဇောတိကစီမံကိန်းမှသွယ်တန်းထားသည့် ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းမရှိဟု ထိုင်းအစိုးရပိုင် PTTEPကုမ္ပဏီကဩဂုတ်-၁ ရက်တွင်ထုတ်ပြန်သည်။

ထိုစီမံကိန်း၏ ကုန်းပေါ်ရှိ ဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်ခြင်းသာဖြစ်ပြီး ထိုသို့ ယို့စိမ့်ခြင်းကြောင့် ဓာတ်ငွေ့ပိုက်လိုင်းအတွင်းဖိအားလျော့သွားခြင်းဖြစ်သည်ဟုလည်းထိုင်းကုမ္ပဏီကဆိုသည်။

ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဇောတိကစီမံကိန်းမှ ထိုင်းနိုင်ငံသို့သဘာဝဓာတ်ငွေ့ပို့လွှတ်မှု ယာယီရပ်ဆိုင်းရမည်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်း အန္တရာယ်ကင်းစွာပြန်လည်ပတ်နိုင်ရန် သီတင်းနှစ်ပတ်ခန့်အချိန်ယူရမည်ဟုလည်း ထိုင်းကုမ္ပဏီကထုတ်ပြန်သည်။

ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းမဟုတ်ဟု PTTEP ငြင်းဆို
ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းမဟုတ်ဟု PTTEP ငြင်းဆို

အဆိုပါဖြစ်စဉ်ကို ကြိုတင်ဆန်းစစ်ချက်အရ ဗုံးပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ပေါက်ကွဲခြင်းမဟုတ်ကြောင်း ထိုင်းကုမ္ပဏီက ဗုံး​ပေါက်ကွဲသည်ဆို​သောသတင်းများအ​ပေါ်ငြင်းဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါဓါတ်ငွေ့ပိုက်လိုင်းသည် ရေဖြူမြို့နယ်၊မိကျောင်းလှောင်းရွာအနီး နတ်အိမ်တောင်အနီးတွင်ယမန့်နေ့မနက် ၃နာရီခန့်ကပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု​People’s Spring ၏ သတင်းရင်းမြစ်အချို့ကပြောသည်။

ပိုက်လိုင်းပေါက်ကွဲမှုများအပြီးတွင် ကုမ္ပဏီဝန်ထမ်းများနှင့် စစ်ကောင်စီတပ်၏ မောရဝတီရေတပ်စခန်းမှ စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် လာ၍စစ်ဆေးနေသည်ဟု ဒေသခံအချို့ကပြောသည်။

ထိုင်းPTTEPကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲတွင်လည်း ဇွန် ၂၂ ရက်က ဗုံးပေါက်ကွဲဖြစ်ပွားခဲ့​သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။