သတင်း စစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်ရန် ဂျပန်အစိုးရကို ဂျပန်ရောက် မြန်မာများ ဆန္ဒပြတောင်းဆို ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုပြီး ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နှင့် ချိတ်ဆက်လုပ်ကိုင်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို NUG နှင့် မိတ်ဖက်အဖွဲ့အစည်း များမှသာတဆင့် ပေးအပ်ရန်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ကျောက်ထုမှ ပခုက္ကူပြန်သည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ သေဆုံး ထိခိုက်မှုရှိ ပခုက္ကူမှ မင်းတပ်မြို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းများသည် မင်းတပ်မှ ပြန်လာရာ ပခုက္ကူ၌ ခေတ္တနားပြီး ယာဉ်တန်းလုံခြုံရေးအတွက် ရှေ့ပြေးစစ်ကြောင်းများဖြင့် ရှင်းလင်းရေး လုပ်ဆောင်နေသည့် အပေါ် ဒေသခံ ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း မုံရွာ-အရာတော်လမ်းတွင်တော်လှန်ရေးအောင်မြင်သည်အထိခရီးသွားများလိုက်နာရမည့်အချက် ၂ ချက်ထုတ်ပြန် စစ်ကိုင်းတိုင်း၊မုံရွာ-အရာတော်လမ်းပိုင်းတွင်တော်လှန်ရေးပြီးဆုံးအောင်မြင်သည့်ကာလအထိခရီးသွားပြည်သူများ လိုက်နာရမည့်အချက် နှစ်ချက်ကိုအနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုကထုတ်ပြန်သတိပေးသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ခင်ဦးမြို့နယ်တွင် ဒေသခံများအားသတ်ဖြတ်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ခုနစ်ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ့ကာကွယ်ရေးရဲဘော်နှင့် ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်သွား လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ဖောင်းပြင်နယ် မိုင်းချောင်းတိုက်ပွဲ ပကဖနှင့် PDF ရှစ်ဦးကျဆုံး၊ စစ်ကောင်စီ တပ်မှလည်း ဦးခြောက်ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိနိုင် ဇူလိုင် ၂၂ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ၌ ပကဖ ရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး စုစုပေါင်း ရှစ်ဦး အမိနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရ သည်ဟု ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း ဝက်လက်မြို့နယ်တွင်စစ်တပ်နှင့်ပျူများကိုမိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးကျော်သေဆုံးဟုနတ်တောင်နဂါးပကဖထုတ်ပြန် ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းကလည်း ရွှေဘို-မန္တလေးလမ်းပေါ်၌ အကြမ်းဖက်စစ်တပ်၏ ခြေလျင်စစ်ကြောင်းအား မဟာမိတ်အဖွဲ့များပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ သေဆုံးထိခိုက်မှုအခြေအနေကိုမူမသိရပေ။ LuduNwayOoဇူလိုင် 24, 2022
သတင်း စစ်ကောင်စီ၏ လျှောက်လဲချက်များကို ကန့်ကွက်ပယ်ချသော ICJ ၏ စီရင်ချက်ကို NUG ကြိုဆို တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။ LuduNwayOoဇူလိုင် 24, 2022
သတင်း မြောင်နှင့် ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်၍ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ ယနေ့ (ဇူလိုင်လ ၂၃ရက်) ညနေ ၆နာရီခန့်က မြောင်မြို့နယ်၊ နွေတစ်ချောင်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ LuduNwayOoဇူလိုင် 23, 2022
သတင်း ဂျပန်အစိုးရကိုဆန္ဒပြတောင်းဆိုမည့် ဇူလိုင် ၂၄ တွင် ပြည်တွင်း၊ ပြည်ပ တော်လှန်ပြည်သူများ ပူးပေါင်းပါဝင်ရန် တောင်းဆို ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နာရေးသို့ လူမျိုးတုန်းသတ်ဖြတ်သည့်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ခြင်းမပြု ရန် ဂျပန်ရောက်မြန်မာအင်အားစုများက မြို့အသီးသီး၌ ဆန္ဒပြတောင်းဆိုကြမည်ဖြစ်သည်။ LuduNwayOoဇူလိုင် 23, 2022