Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-အရာ​တော်လမ်းတွင်​တော်လှန်​ရေး​အောင်မြင်သည်အထိခရီးသွားများလိုက်နာရမည့်အချက် ၂ ချက်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊မုံရွာ-အရာတော်လမ်းပိုင်းတွင်တော်လှန်ရေးပြီးဆုံးအောင်မြင်သည့်ကာလအထိခရီးသွားပြည်သူများ လိုက်နာရမည့်အချက် နှစ်ချက်ကိုအနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုကထုတ်ပြန်သတိပေးသည်။

မုံရွာ-အရာ​တော်လမ်း
မုံရွာ-အရာ​တော်လမ်း

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင်တော်လှန်ရေးပြီးဆုံးအောင်မြင်သည့်ကာလအထိခရီးသွားပြည်သူများ လိုက်နာရမည့်အချက် နှစ်ချက်ကိုအနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုကထုတ်ပြန်သတိပေးသည်။

ယနေ့(ဇူလိုင်လ ၂၄ရက်နေ့)မှစ၍ တော်လှန်ရေးကြီး ပြီးဆုံးအောင်မြင်သည်အထိ မုံရွာ – အရာတော်လမ်းတွင် သွားလာနေကြသော မည်သည့် မော်တော်ယာဉ်မဆို ကားမှန်များချပြီး သင့်တင့်သောအရှိန်ဖြင့်သာမောင်းနှင်ကြရန်၊ ည၈ နာရီမှ နံနက် ၄ နာရီအတွင်းအရေးပေါ်အကြောင်းပြချက်တစ်ခု
ခုဖြင့် ဖြတ်သန်းသွားလာမည်ဆိုပါကမုံရွာ – အရာတော်လမ်းပိုင်းမှတော်လှန်ရေးအဖွဲ့အစည်းများကိုဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြပါရန်အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစုက သတိပေးသည်။

ဖေါ်ပြပါအသိပေးတားမြစ်ချက်များကို မလိုက်နာပါကအကြမ်းဖက်စစ်ကောင်စီ၏ အရပ်ဝတ်ကားများ၊ စစ်ကောင်စီ အသုံးပြုနေသောလူနာတင်ယာဉ်များ၊စစ်ကောင်စီအသုံးပြုနေသော သာသနာရေးကားများဟုသာယူဆပြီးထိုကားများနှင့် ထိုကားများကိုအသုံးပြုသူများ ထိခိုက်နစ်နာမှုများရှိလာပါကတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်းတပ်ပေါင်းစုကသတိပေးကြေညာထားသည်။

မုံရွာ-အရာတော်လမ်းပိုင်းတွင်အကြမ်းဖက်စစ်​ကောင်စီတပ်၏ယာဥ်များကို​ဒေသတွင်းPDFများကမကြာခဏမိုင်းဆွဲတိုက်ခိုက်​လေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က တစ်ရက် လူ ၄၀ ထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မုံရွာရပ်ကွက် ကင်းထောက်များအဖွဲ့က ပြောပါတယ်။

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။