Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုမှ ပခုက္ကူပြန်သည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ သေဆုံး ထိခိုက်မှုရှိ

ပခုက္ကူမှ မင်းတပ်မြို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းများသည် မင်းတပ်မှ ပြန်လာရာ ပခုက္ကူ၌ ခေတ္တနားပြီး ယာဉ်တန်းလုံခြုံရေးအတွက် ရှေ့ပြေးစစ်ကြောင်းများဖြင့် ရှင်းလင်းရေး လုပ်ဆောင်နေသည့် အပေါ် ဒေသခံ ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်ထုမှ ပခုက္ကူပြန်သည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ သေဆုံး ထိခိုက်မှုရှိ
ကျောက်ထုမှ ပခုက္ကူပြန်သည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ သေဆုံး ထိခိုက်မှုရှိ

မကွေးတိုင်း ကျောက်ထုမှ ပခုက္ကူမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ယမန်နေ့နှင့် ယနေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိသည်ဟု ဒေသသတင်း ရင်းမြစ်တို့က အသိပေးသည်။

ကျောက်ထုအမြောက်တပ်မှ ထွက်လာပြီး တပြင်းဘုရားကုန်းတွင် ညအိပ်စခန်းချခဲ့သော အင်အား ၂၀ခန့်ပါ ရှေ့ပြေး စစ်ကောင်စီတပ် စစ်ကြောင်းကို ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ကြောင်း ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဇူလိုင် ၂၄ရက် နံနက် ၈နာရီကျော်တွင် ကျောက်ထု-တပြင်းလမ်းပိုင်း ပုံတောင်အနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ စက်ကလေးတပ်သား တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဆတ်မပြတ် ပစ်ခတ်ခဲ့၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါလမ်းပိုင်းတွင် ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ဆောမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ကလည်း ဖြစ်တယ်ကြားတယ်။ တပြင်းရွာ။ ပခုက္ကူလမ်း။ ကျောက်ထုနဲ့ ၁၂မိုင်အကွာ။ ပုံတောင်ထိပ်ကိုဆိုရင်တော့ ၁၈မိုင်အကွာပေါ့။ မနေ့က ကျောက်ထုကို ပြန်လှည့်ကြတာ။တိုက်ပွဲဖြစ်လို့။ မနေ့က ဖြစ်တာက မိုင်းပေါက်တယ်လို့ပြောတယ်။ ၄၊၅ဦးလောက်ထိတယ် သတင်းကြားတယ်။ ဒီနေ့ ထွက်သလား မထွက်သလားတော့ မသိဘူး လိုင်းမမိတော့ ဘာမှ မသိဘူးဖြစ်နေတာ”ဟု ဒေသခံက ပြောသည်။

ပခုက္ကူမှ မင်းတပ်မြို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းများသည် မင်းတပ်မှ ပြန်လာရာ ပခုက္ကူ၌ ခေတ္တနားပြီး ယာဉ်တန်းလုံခြုံရေးအတွက် ရှေ့ပြေးစစ်ကြောင်းများဖြင့် ရှင်းလင်းရေး လုပ်ဆောင်နေသည့် အပေါ် ဒေသခံ ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook