Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်ရန် ဂျပန်အစိုးရကို ဂျပန်ရောက် မြန်မာများ ဆန္ဒပြတောင်းဆို

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုပြီး ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နှင့် ချိတ်ဆက်လုပ်ကိုင်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို NUG နှင့် မိတ်ဖက်အဖွဲ့အစည်း များမှသာတဆင့် ပေးအပ်ရန်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။

ဓာတ်ပုံ - RTM
ဓာတ်ပုံ - RTM

ယင်းဆန္ဒပြပွဲကို တိုကျိုမြို့ အပါအဝင် မြို့ကြီး (၈) မြို့တွင် တပြိုင်နက်ပြုလုပ်

ဂျပန်အစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအပေါ် အသိအမှတ်မပြုရန်နှင့် ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် ဂျပန်နိုင်ငံရှိ မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုများက ဦးဆောင်၍ ပြည်ပရောက် မြန်မာနိုင်ငံသားများက ယနေ့ (ဇူလိုင် ၂၄) ဆန္ဒပြတောင်းဆိုခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ အပါအဝင် မြို့ကြီး (၈)မြို့တွင် တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ဓာတ်ပုံ - RTM
ဓာတ်ပုံ – RTM

ဆန္ဒပြပြည်သူများက ဂျပန်အစိုးရအနေဖြင့် စစ်ကောင်စီနှင့် ဆက်စပ်လုပ်ကိုင် နေသည်များနှင့် အကြမ်းဖက်စစ်တပ်၏ စစ်သားများကို ခေါ်ယူပညာသင်ပေး နေခြင်းများကို ရပ်တန့်ရန်၊ လူ့အခွင့်အရေးကိုစဉ်ဆက်မပြတ် ချိုးဖောက်နေသည့် စစ်တပ်ကို အရေးယူပိတ်ဆို့ရန်နှင့် ODA လုပ်ငန်းများမှ စစ်တပ်ထံငွေများစီးဆင်းနေမှုကို ချက်ချင်းဆိုင်းငံ့ပေးရန် ​ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

ဓာတ်ပုံ - RTM
ဓာတ်ပုံ – RTM

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုပြီး ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နှင့် ချိတ်ဆက်လုပ်ကိုင်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို NUG နှင့် မိတ်ဖက်အဖွဲ့အစည်း များမှသာတဆင့် ပေးအပ်ရန်လည်း ထည့်သွင်းတောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ဂျပန်အစိုးရနှင့် အာဏာသိမ်းစစ်ကောင်စီအကြား ဆက်ဆံမှုသည် ဂျပန် – မြန်မာ ချစ်ကြည်ရေးကို ထိခိုက်စေ၍ ရှုံ့ချကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားအဖွဲ့အစည်းများကလည်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

Facebook